နိုင်ငံတကာခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

နိုင်ငံတကာခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 12 October 2018

 

ဂျပန် နှင့် ပနားမား (သောကြာည ၅းဝ၅ နာရီ)

ဂျပန်အသင်းက နည်းပြသစ် မော်ရီယာဆုရဲ့ပွဲဦးထွက် မှာ ဂိုးပြတ်နိုင်ပွဲနဲ့ တာထွက်နိုင်ခဲ့တယ်။ အခုပွဲလည်း မော်ရီယာ ဆုအနေနဲ့ ရလဒ်ကောင်းရဖို့ ဆက်ကြိုးစားပါလိမ့်မယ်။ ဂျပန် အနိုင်သေချာပါတယ်။



တောင်ကိုရီးယား နှင့် ဥရုဂွေး (သောကြာည ၅း၃၀ နာရီ)

တောင်ကိုရီးယားအသင်းက ပေါ်တူဂီလူမျိုးနည်းပြ ပေါ် လိုဘင်တိုလက်အောက်မှာ တာထွက်ကောင်းနေတယ်။ ဥရုဂွေးအသင်းကိုတော့ မကြာသေးမီက အသင်းနဲ့စာချုပ်သက်တမ်း တိုးထားတဲ့ ဝါရင့်နည်းပြ တာဘာရက်ဇ် ပြန်လည်ကိုင်တွယ်မှာ ပါ။ ဆွာရက်ဇ်မပါဝင်တဲ့တိုက်စစ်ပိုင်းမှာ ကာဗာနီကို ဟီရိုနာအသင်းတိုက်စစ်မှူး စတူအာနီနဲ့ပွဲထုတ်လာဖို့များတယ်။ ဆိုးလ် ကွင်းမှာ ဥရုဂွေး သရေလောက်ပဲကစားဖို့များတယ်။



စင်ကာပူ နှင့် မွန်ဂိုလီးယား (သောကြာည ၆းဝ၀ နာရီ)

မွန်ဂိုလီးယားက အာရှမှာ အသင်းငယ်တစ်သင်းဖြစ်ပေမယ့် ပြီးခဲ့တဲ့မတ်လက မလေးရှားကို ကွာလာလမ်ပူမှာ သရေခံကစားဖူးတယ်။ ဒါပေမဲ့ အခုပွဲတော့ စင်ကာပူပဲ ဂိုးပြတ်နိုင်ဖို့များပါတယ်။ 



ကာတာ နှင့် အီကွေဒေါ (သောကြာည ၁ဝးဝ၀ နာရီ)

၂၀၁၉ အာရှဖလားနဲ့ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာအသင်း စနစ်တကျပြင် ဆင်နေတယ်။ အီကွေဒေါက ကာတာနဲ့ယှဉ်ရင် အဖက်ဖက်ကသာပေမယ့် အဝေးကွင်းညံ့တာကို သတိပြုရမယ်။ အိမ်ရှင် ကာတာဘက်ကပဲ အရဲစွန့်ရပ်တည်သင့်တယ်။



ဆော်ဒီအာရေဗျ နှင့် ဘရာဇီးလ် (စနေနံနက် ဝဝး၃၀ နာရီ)

ဘရာဇီးလ်အသင်းနည်းပြ ထိထီက ဆော်ဒီမြေမှာကစားမယ့် ခြေစမ်းပွဲအတွက် အဓိကကစားသမားအများစု ခေါ်ယူလာတာတွေ့ရတယ်။ ထိထီရဲ့အသင်းက ခြေစမ်းပွဲတွေမှာ ဖိဖိစီးစီး ကစားတတ်ပြီး အိမ်ရှင်အကြောင်း ခေါင်းထဲသိပ်ထည့်တတ်တဲ့ အသင်းမဟုတ်ဘူး။ ဆော်ဒီကွင်း အပူချိန်ကတော့ ဘရာဇီးလ်ကို အနည်းငယ်ဒုက္ခပေးနိုင်တယ်။ ဒါပေမဲ့ ဘရာဇီးလ်ကိုပဲ ရွေးချယ်ချင်တယ်။