ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် အမှုတွင် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက တရားစွဲဆိုခံထားရသူများဘက်မှ သက်သေအဖြစ် ထွက်ဆိုပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာတွင် ဖော်ပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး Weekly Eleven ဂျာနယ်တွင် ဖော်ပြသည့် ဆောင်းပါး တစ်ခုလုံးကို ဖတ်ရှုထားပြီး အမှားအယွင်း မရှိဘဲ လွှတ်တော်တွင်း ဆွေးနွေးချက်ကိုုသာ ရေးသားထားခြင်းဖြစ်၍ အမှန်တရားဘက်မှ သက်သေလိုုက်မည် ဖြစ်ကြောင်း တုုိင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန် ခေတ်သစ် သတင်းဌာနသုုိ့ ပြောကြားသည်။
Weekly Eleven ဂျာနယ်တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “မှန်တယ်လေ။ အဲဒါကို ရေးထားတယ်လေ။ ကြည်ပြာက ပြောပါတယ်။ ဒေါ်စန္ဒာ မင်းက ဒီလိုဆုုိပါတယ်။ ဦးကျော်ဇေယျက ဒီလိုဆိုပါတယ်။ ဒါတွေက မှန်လား မမှန်လား တရားရုံးက စစ်။ ကျွန်တော်တို့ကို ခေါ်ပေါ့ဗျာ။ မှတ်တမ်းထွက်မှာ။ အဲဒီမှတ်တမ်းကြီး ထွက် တောင်းဆိုရင် တော့လုပ်ရမှာပေါ့။ လွှတ်တော်ကို တောင်းဆုုိရမှာပေါ့။ တောင်းဆိုုလိုက်ရင်လည်း သက်သေထွက်ပေးမယ်။ ကျွန်တော် ပြောထားတာလေးတွေလည်း သူရေးထားတာ ရှိတယ်ဗျာ။ ကျောင်းကားနဲ့ ပတ်သက်ရင်။ ခင်ဗျား ဦးကျော်ဇေယျ ဒီလိုပြောလား။ ပြောတယ်လေ။လွှတ်တော်ထဲမှာလည်း ပြောတယ်။ မီဒီယာနဲ့ တွေ့ရင်လည်း ပြောတယ်ပေါ့”ဟု ခေတ်သစ်မီဒီယာသို့ ဖြေကြားသည်။
ထို့ပြင် ဆောင်းပါးတွင် ပါဝင်သည့် အချက်အလက်များ သည်အစိုးရကိုအကြည် ညိုပျက်စေသော အကြောင်းအရာ မပါရှိကြောင်း၊ ထောက်ပြရေးသားခြင်းသာ ဖြစ်ကြောင်း ဦးကျော်ဇေယျက ခေတ်သစ်မီဒီယာသို့ ဖြေကြားထားသည်။
“ကျွန်တော်တော့ မမြင်ဘူးလို့ အစကတည်းက ပြောသားပဲ။ ကျွန်တော် မမြင်ဘူး။ အစုုိးရကို အကြည်ညိုပျက်စေအောင် ပြောတာမှ မဟုတ်တာ။ ဒါထောက်ပြတာပဲ။ ဒါက ထောက်ပြတာပဲလေ။ ကျွန်တော်တုုိ့လည်း ဆွေးနွေးချင်တိုင်း ဆွေးနွေးတာ မဟုုတ်ဘူးလေ။ ရမ်းဆွေးနွေးလုုိ့မရဘူး။ စာရင်းစစ်ချု ပ်အစီရင်ခံစာပေါ်မှာပဲ ဆွေးနွေးရတာလေ”ဟု ဦးကျော်ဇေယျက ပြောကြားသည်။















