နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်
Published 2 November 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက် ၈ နာရီတွင် ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ထိုသို့ ရောက်ရှိပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်နယ်အစိုးရအဖွဲ့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူငယ်အဖွဲ့တို့နှင့် စစ်တွေလေဆိပ်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်တွေလေဆိပ်မှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် မောင်တောဒေသသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရပြီး မောင်တောဒေသရှိ ခုံတိုင်မြိုရွာနှင့် တောင်ပြိုလက်ဝဲမြို့သို့ သွားရောက်ခြင်းဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။

ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ သွားရောက်ခြင်းသည် ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent