ဒီဘားလားအား ရောင်းထုတ်ရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

ဒီဘားလားအား ရောင်းထုတ်ရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 14 April 2019

Tuttosport ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ဘင်ဖီကာအသင်း၏ ပေါ်တူဂီလူငယ်တိုက်စစ်ကစားသမား ယာအိုဖီးလစ်ကိုခေါ်ယူရန် ဆန္ဒရှိနေပြီး ယင်းအတွက် ဒီဘားလားကိုရောင်းထုတ်ကာ ငွေရှာသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် အသင်းတိုက်စစ်မှူး ဒီဘားလားအား လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။

Tuttosport ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ဘင်ဖီကာအသင်း၏ ပေါ်တူဂီလူငယ်တိုက်စစ်ကစားသမား ယာအိုဖီးလစ်ကိုခေါ်ယူရန် ဆန္ဒရှိနေပြီး ယင်းအတွက် ဒီဘားလားကိုရောင်းထုတ်ကာ ငွေရှာသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စားနေသည့် အသက် (၁၉) နှစ်အရွယ်ရှိ ယာအိုဖီးလစ်ကို ခေါ်ယူနိုင်မည်ဟု ယုံကြည်လျက်ရှိပြီး ၎င်းအတွက် အနည်းဆုံး ပေါင် (၈၇) သန်းအထိ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန်ရုန်းကန်နေရသည့် အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားကို ရောင်းထုတ်ရန် စီစဉ်နေပြီး ၎င်းကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဒီဘားလားသည် ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၈) ပွဲတွင် (၁၀) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ 

Most Read

Most Recent