ယနေ့ကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 13 April 2019

အေစီမီလန် နှင့် လာဇီယို

အေစီမီလန် နည်းပြ ဂတ်တူဆိုအတွက် All or Nothing လို့ဆိုရမယ့် စိန်ခေါ်မှုမျိုး၊ ဒီပွဲမှာသာ လာဇီယိုကို ထပ်ပြီးအရေး နိမ့်ခဲ့မယ်ဆိုရင် ဆန်စီရိုကွင်းဟာ ကပ်ဆိုးတစ်ခုကျရောက်သလို မှောင်မိုက်သွားလိမ့်မယ်။ အေစီမီလန်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ထိခိုက်မယ်၊ ပြီးရင် ဂတ်တူဆိုကိုယ်တိုင်လည်း ချစ်ရသော မီလန်အသင်းနဲ့ လမ်းခွဲရဖို့ ပိုပြီးနီးစပ်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ Big Match တွေမှာ အေစီမီလန် ကံမကောင်းခဲ့ဘူးလို့ ဆိုရမယ်။ မီလန်ဒါဘီမှာ အင်တာမီလန်ကို အညံ့ခံခဲ့ရပေမယ့် အကောင်းဆုံးလုပ်ပြနိုင်ချိန်တွေ မြင်ခဲ့ရတယ်။ ဂျူဗင်တပ်စ်နဲ့ပွဲမှာလည်း ဒီလိုပဲ၊ ပုံစံကောင်းတွေ မြင်ခဲ့ရတယ်။ လာဇီယိုနဲ့ပွဲကို လည်း ဖိအားတွေအောက်က ရုန်းထွက်လိုစိတ်နဲ့ အေစီမီလန် ကစားပါမယ်။ လာဇီယိုက အဝေးကွင်းမှာ မတည်ငြိမ်တတ်ပေမယ့် သိပ်မကြာသေးမီကပဲ အင်တာမီလန်ကို အနိုင်ရထားပါတယ်။ ဒါပေမဲ့ အေစီမီလန် ကပ်နိုင်သွားပါလိမ့်မယ်။

ရိုးမား နှင့် အူဒီးနီးစ်

ဆမ်ဒိုးရီးယားကို အဝေးကွင်းမှာ အနိုင်ရလိုက်တာဟာ ရိုးမားအတွက် စိတ်ပိုင်းဆိုင်ရာ ယုံကြည်စိတ်မြင့်သွားစေပါလိမ့် မယ်။ အိမ်ကွင်း(၂)ပွဲဆက် ရိုးမား နိုင်ပွဲပျောက်ဆုံးထားပေမယ့် အူဒီးနီးစ်က အဝေးကွင်းနောက်ဆုံး (၁၁)ပွဲဆက် နိုင်ပွဲပျောက် ဆုံးထားလို့ ရိုးမား အသာစီးယူ ကစားနိုင်ပါလိမ့်မယ်။ တန်းဆင်း  ဇုန်နဲ့ ဝေးသထက်ဝေးရာကို ရောက်ရှိဖို့အတွက် အူဒီးနီးစ် အမှတ် လိုနေပေမယ့် ရိုးမားကို (၂)ဂိုးပြတ် ရှုံးပါလိမ့်မယ်။

SPAL နှင့် ဂျူဗင်တပ်စ်

တန်းဆင်းဇုန်နဲ့နီးကပ်နေလို့ အိမ်ကွင်းမှာ SPAL ဂရု စိုက် ကစားနေပါတယ်။ အိမ်ကွင်းနောက်ဆုံး(၁၀)ပွဲမှာ (၂)ပွဲ သာရှုံးထားလို့ ချန်ပီယံလိဂ်ပွဲမှာ အားကုန်ရုန်းပြီး ပွဲပန်းလာနိုင် တဲ့ ဂျူဗင်တပ်စ် သတိထားရပါမယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း SPAL ကွင်းမှာ ဂျူဗင်တပ်စ် နိုင်ပွဲမရခဲ့ဘဲ သရေနဲ့သာ ကျေနပ် ခဲ့ရတယ်။  ဂျူဗင်တပ်စ် အရေးပေါ်အမှတ်မလိုတာပါ ထည့်စဉ်း စားမယ်ဆိုရင် SPAL တစ်မှတ်ရနိုင်တယ်။

Most Read

Most Recent