ခြေချင်းဝတ်ဒဏ်ရာကြောင့် ဟာရီကိန်း ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ

ခြေချင်းဝတ်ဒဏ်ရာကြောင့် ဟာရီကိန်း ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 12 April 2019

ယင်းဒဏ်ရာမျိုးရပါက ကစားသမားများအနေဖြင့် အနည်းဆုံး (၂) လနီးပါး အနားယူရလေ့ရှိရာ ဟာရီကိန်းအနေဖြင့် ယခုရာသီကုန်အထိ စပါးအသင်းအတွက် ကစားပေးနိုင်ဖွယ်မရှိတော့ကြောင်း သိရသည်။

စပါးအသင်းခေါင်းဆောင် ဟာရီကိန်းသည် မန်စီးတီးနှင့်ပွဲတွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူဖွယ်ရှိနေကြောင်း သိရသည်။

ဟာရီကိန်းသည် ဧပြီလ (၉) ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် စပါး (၁-၀) မန်စီးတီးပွဲတွင် မန်စီးတီးနောက်ခံလူ ဖာဘီယန်ဒဲလ်ဖ်ကိုတားဆီးရန် ကြိုးစားရာ၌ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၅၈) မိနစ်တွင် လူစားလဲခဲ့ရသည်။

စပါးအသင်း၏ထုတ်ပြန်ချက်တွင် "မန်စီးတီးအသင်းအား အနိုင်ရခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့၌ ဒဏ်ရာရရှိခဲ့သည့် ဟာရီကိန်းကို စစ်ဆေးကြည့်ရာတွင် ဘယ်ဘက်ခြေချင်းဝတ်အရွတ်ပြင်းထန်စွာ ထိခိုက်သွားခဲ့ကြောင်းနှင့် ဟာရီကိန်း၏ဒဏ်ရာကို အသင်းဆရာဝန်များဖြင့် လာမည့်ရက်သတ္တပတ်များတွင် စစ်ဆေးသွားရဦးမည်ဖြစ်ကြောင်း" ပါရှိသည်။

ယင်းဒဏ်ရာမျိုးရပါက ကစားသမားများအနေဖြင့် အနည်းဆုံး (၂) လနီးပါး အနားယူရလေ့ရှိရာ ဟာရီကိန်းအနေဖြင့် ယခုရာသီကုန်အထိ စပါးအသင်းအတွက် ကစားပေးနိုင်ဖွယ်မရှိတော့ကြောင်း သိရသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ဘယ်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ယခုဒဏ်ရာနှင့် အလားတူဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ဟာရီကိန်းသည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၃၉) ပွဲတွင် (၂၄) ဂိုးသွင်းယူထားဖြစ်ပြီး အရေးကြီးသည့်အချိန်တွင် ဒဏ်ရာရရှိခဲ့၍ အသင်းနည်းပြ ပိုချက်တီနိုအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ဟာရီကိန်းအနေဖြင့် စပါးအသင်း၏ ရာသီလက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သော်လည်း ဇွန်လတွင် ကျင်းပမည့် UEFA Natoins League ပွဲစဉ်များတွင် အင်္ဂလန်အသင်းအတွက် ကစားနိုင်ဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent