၀ါရင့်နောက်ခံကစားသမား အယ်လ်ဘာကို ၂၀၂၄ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုးစာချုပ် ချုပ်ဆို

၀ါရင့်နောက်ခံကစားသမား အယ်လ်ဘာကို ၂၀၂၄ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုးစာချုပ် ချုပ်ဆို
Published 12 March 2019

ဘာစီလိုနာအသင်းသည် ၀ါရင့်နောက်ခံကစားသမား အယ်လ်ဘာကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက် ကြောင်း သိရှိရသည်။

အယ်လ်ဘာသည် ၂၀၁၂ ခုနှစ်ကတည်းက  ဗလင်စီယာအသင်းမှ ဘာစီလိုန အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးရန် နီးကပ်လာချိန်တွင် အသင်းက သက်တမ်းတိုးရန်ကမ်းလှမ်းမှု မပြုလုပ်ခဲ့ခြင်းအတွက် အသင်းတာဝန်ရှိသူများနှင့် မပြေလည်မှုများလည်း ရှိခဲ့သည်။ 

သို့သော် ဘာစီလိုနာအသင်း၏ တာဝန်ရှိသူများသည် အသင်းခေါင်းဆောင် မက်ဆီအတွက် အကောင်းဆုံးပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်သည့် အယ်လ်ဘာကို သက်တမ်းတိုးရန် ဆုံးဖြတ် လိုက်ပြီး စာချုပ်လျော်ကြေးကိုလည်း ယူရို သန်း(၅၀၀)အဖြစ် တိုးမြှင့်ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ 

အယ်လ်ဘာသည် အသက်(၂၉)နှစ်ရှိနေပြီဖြစ်သော်လည်း စာချုပ်သစ်အရ ဘာစီလိုနာအသင်းတွင် နောက်ထပ် (၅)နှစ် ဆက်ရှိနေမည်ဖြစ်သည်။ 

စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် အယ်လ်ဘာက ''ဒီအသင်းမှာပဲ အောင်မြင်မှုတွေ ဆက်လက်ရယူသွားဖို့ ကျွန်တော် အမြဲတမ်းရည်မှန်းထားခဲ့တာပါ။ ဒါကြောင့် ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ပရိသတ်တွေကလည်း အခုလိုအခြေအနေကို မြင်တွေ့ချင်လိမ့်မယ်လို့ထင်ပါတယ်''ဟု ဆိုခဲ့သည်။

Most Read

Most Recent