စပို့တင်းလစ္စဘွန်းနည်းပြ အယ်လ်မီရွန် မန်စီးတီးနည်းပြဖြစ်လာနိုင်ဟု Daily Mail ဖော်ပြ

စပို့တင်းလစ္စဘွန်းနည်းပြ အယ်လ်မီရွန် မန်စီးတီးနည်းပြဖြစ်လာနိုင်ဟု Daily Mail ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 14 October 2024

ဗြိတိန်သတင်းစာ Daily Mail က စပို့တင်းလစ္စဘွန်းနည်းပြ အယ်လ်မီရွန်သည် မန်စီးတီးနည်းပြ ဖြစ်လာနိုင်သည်ဟု သုံးသပ်ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ဘောလုံးဒါရိုက်တာနေရာ အပြောင်းအလဲပြုလုပ်မည်ဖြစ်ရာ နည်းပြနေရာလည်း အပြောင်းအလဲဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။

လက်ရှိနည်းပြ ဂွါဒီယိုလာသည် ဘီဂီရီစတိန်း၏ ခေါ်ယူမှုဖြင့် မန်စီးတီးအသင်းထံ ရောက်ရှိခဲ့သူဖြစ်သောကြောင့် ဘီဂီရီစတိန်း လမ်းခွဲပါက ၎င်းအနေဖြင့်လည်း မန်စီးတီးအသင်းတွင် အနာဂတ်မရေရာတော့ကြောင်း သုံးသပ်နေခြင်းဖြစ်သည်။

မန်စီးတီးအသင်းက ၎င်းကို မဆုံးရှုံးရစေရန်အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း မအောင်မြင်ခဲ့ပါက ဟူဂိုဗီယာနာနှင့် ဆက်စပ်မှုအရ စပို့တင်းလစ္စဘွန်းနည်းပြ အယ်လ်မီရွန်ကို မန်စီးတီးနည်းပြအဖြစ် မြင်တွေ့ရနိုင်ခြေရှိကြောင်း Daily Mail က သုံးသပ်ခဲ့သည်။

အယ်လ်မီရွန်သည် စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်ခဲ့သည့် (၄)ရာသီအတွင်း အမှတ်ပေးချန်ပီယံဆု (၂)ကြိမ် ရယူပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ မန်ယူအသင်းက တန်ဟက်ဂ်နေရာ အစားထိုးရန် ရည်ရွယ်ထားသည့် နည်းပြတစ်ဦးလည်းဖြစ်သည်။

မန်စီးတီးအသင်း၏ ဘောလုံးဒါရိုက်တာသစ်ဖြစ်လာမည့် ဟူဂိုဗီယာနာသည် ဂွါဒီယိုလာသာ လမ်းခွဲသွားခဲ့ပါက အယ်လ်မီရွန်ကို ခေါ်ယူဖွယ်ရှိသည်ဟု Daily Mail က သုံးသပ်ခြင်းဖြစ်သည်။

Most Read

Most Recent