နာပိုလီ - အတ္တလန်တာ (တနင်္ဂနွေညနေ ၆း၀၀ နာရီ)
နည်းပြ ကွန်တီရဲ့ နာပိုလီက ချီးကျူးစရာပုံစံနဲ့အတူ နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတယ်။ လူ ကာကူက တိုက်စစ်မှာ အရမ်းအားထားရပြီး ခွာရတ်စကယ်လီယာဆိုရင်လည်း အေစီမီလန်နဲ့ပွဲမှာ ဂိုးပေါက်တွေ့ခဲ့တယ်။ အတ္တ လန်တာကလည်း အသင်းကောင်းတစ်သင်းပါ။ ရာသီအစကနဲ့ ယှဉ်ရင် အဝေးကွင်းရလဒ်ပိုင်းတွေလည်း တက်လာတယ်။ ဒါ ပေမဲ့ နေပယ်မှာတော့ အတ္တလန်တာအသင်း နာပိုလီကို အသာရဖို့မလွယ်ပါဘူး။ (၂)သင်းပေါင်းသွင်းဂိုးအများနဲ့ နာပိုလီကိုပဲ ရွေးချယ်ချင်တယ်။
တိုရီနို - ဖီအိုရင်တီးနား (တနင်္ဂနွေည ၈း၃၀ နာရီ)
တိုရီနိုရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်က စောင့်ကြည့်ချင်စ ရာဖြစ်ပြီး စီးရီးအေအိမ်ကွင်းနောက်ဆုံး (၁၀)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့ တယ်။ ဖီအိုရင်တီးနားကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပစ်မှတ်ထား နေတဲ့အသင်းပါ။ ဒါပေမဲ့ အိမ်ရှင်တိုရီနိုကိုပဲ ရွေးချယ်ချင်တယ်။ ဂိုးနည်းနိုင်ပါတယ်။
ဗီရိုနာ - ရိုးမား (တနင်္ဂနွေည ၁၁း၃၀ နာရီ)
ရိုးမားက စီးရီးအေအဝေးကွင်း (၈)ပွဲဆက် နိုင်ပွဲပျောက် ဆုံးနေပြီး အဝေးကွင်းနောက်ဆုံးပွဲမှာလည်း ဖီအိုရင်တီးနားကို ဂိုးပြတ်အရေးနိမ့်ခဲ့တယ်။ ဗီရိုနာကလည်း ဂိုးအလှူပေးတတ်တဲ့ အသင်းပါ။ ဒီပွဲတော့ ရိုးမားအသင်း နိုင်ပွဲပြန်ရနိုင်တယ်။ (၁-၂) လောက်နဲ့ ရိုးမား ကပ်နိုင်ဖို့များတယ်။
အင်တာမီလန် - ဗင်နီဇီယာ (တနင်္လာနံနက် ၂း၁၅ နာရီ)
လက်ရှိချန်ပီယံအင်တာမီလန်က ပြီးခဲ့တဲ့ရာသီကလို အ အနေအထားကောင်းတွေ ပြန်မရသေးဘူး။ အိမ်ကွင်းနောက်ဆုံး ပွဲမှာလည်း ဂျူဗင်တပ်စ်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ သရေနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဗင်နီဇီယာက ထိပ်သီးတွေနဲ့ ရင် ဆိုင်ရတဲ့ပွဲတွေဆို ရုန်းကန်ရလေ့ရှိတဲ့အသင်းပါ။ အင်တာမီလန် အသင်း အိမ်ကွင်းမှာ ဂိုးပြတ်ပေါက်ကွဲပြလိမ့်မယ်။ (၃-ဝ)ဂိုး လောက်တောင် ဖြစ်သွားနိုင်တယ်။