၀ါဒါဘရီမင် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၀၀ နာရီ)
တန်းတက်ကလပ် ဟော်စတိုင်ကီလ်အသင်း နောက်ဆုံးပွဲမှာ နိုင်ပွဲစရထားတယ်။ ဒီပွဲတော့ သမ္ဘာသာတဲ့ ၀ါဒါဘရီမင်ပဲ နိုင်ဖို့များတယ်။
မိန့်ဇ် - ဒေါ့မွန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၀၀ နာရီ)
မိန့်ဇ်အသင်းက ဒီရာသီမှာ အဝေးကွင်းနိုင်ပွဲ (၂)ပွဲရထားပြီး အိမ်ကွင်း(၅)ပွဲကစားရာမှာတော့ (၅)ပွဲစလုံး နိုင်ပွဲပျောက်ခဲ့တယ်။ ဒေါ့မွန်ကလည်း အဝေးကွင်းညံ့လို့ မိန့်ဇ်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဘိုဟုမ် - လေဗာကူဆင် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၀၀ နာရီ)
လေဗာကူဆင်အသင်းက နောက်ဆုံး(၇)ပွဲဆက် ရှုံးပွဲမရှိပေမဲ့ နောက်ဆုံးကစားထားတဲ့ (၅)ပွဲမှာ (၄)ပွဲ သရေကျထားခဲ့တယ်။ ဘိုဟုမ်ရဲ့ ရုန်းကန်အားကြောင့် အိမ်ရှင်အသင်းနဲ့ပဲ စွန့်စားသင့်တယ်။
ဆန့်ပေါ်လီ - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၀၀ နာရီ)
ဆန့်ပေါ်လီအသင်းက လက်ရှိ အဆင့်(၁၅)နေရာမှာ ရပ်တည်နေပြီး တန်းတက်ကလပ်တစ်သင်းအဖို့ ဒီအနေအထားက ပုံမှန်လို့ ပြောလို့ရတယ်။ ထူးခြားတာက ဒီရာသီနိုင်ပွဲ နှစ်ပွဲစလုံးကို အဝေးကွင်းမှာ ရယူခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ နိုင်ပွဲမရှိသေးဘူး။ အိမ်ကွင်း(၄)ပွဲစလုံး နိုင်ပွဲမရှိတဲ့အပြင် သွင်းဂိုးလည်းမရသေးတာ တွေ့ရတယ်။ ဘိုင်ယန်ကတော့ လိုက်ပ်ဇစ်ကို အမှတ်စဖြတ်နိုင်မှုက ယုံကြည်မှုပိုရှိသွားစေခဲ့တယ်။ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲကစားခဲ့ရပေမဲ့ ဘိုင်ယန်အသင်းမှာ အပြောင်းအလဲလုပ်နိုင်တဲ့ အင်အားတော့ရှိတယ်။ ဘိုင်ယန်ပဲ ရွေးချင်တယ်။
လိုက်ပ်ဇ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၁၂:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်း အိမ်ကွင်းမှာ နိုင်ပွဲဆက်နေပေမဲ့ အဝေးကွင်းမှာတော့ ရုန်းကန်နေရဆဲပါပဲ။ လိုက်ပ်ဇစ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမယ်။