ယနေ့ညယှဉ်ပြိုင်မည့် မြန်မာကစားသမားသုံးဦးစလုံးကို ပရိသတ်များ အားပေးစေလိုသည်ဟု အောင်လအန်ဆန် ပြောကြား

ယနေ့ညယှဉ်ပြိုင်မည့် မြန်မာကစားသမားသုံးဦးစလုံးကို ပရိသတ်များ အားပေးစေလိုသည်ဟု အောင်လအန်ဆန် ပြောကြား
Photo: EMG
Photo: EMG
Published 8 March 2019

ONE ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က ယနေ့ညတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည့် MMA ပြိုင်ပွဲတွင် မြန်မာကစားသမားသုံးဦးစလုံးကို ပရိသတ်များ အားပေးစေလိုကြောင်း ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ၎င်းသင်ကြားပေးနေသည့် ချင်းတိုင်းရင်းသား ထီရယ်လ်ထန်၏ပွဲကို အားပေးရန် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး မတ် (၈) ရက်နံနက်ပိုင်းတွင် မီဒီယာများနှင့် တွေ့ဆုံရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်က'''ဒီနေ့ညမှာ ထိုးသတ်မယ့် အန်တိုနီရာ၊ ကိုဖိုးသော်နဲ့ ကျွန်တော့်ညီ ထီရယ်လ်ထန် သုံးဦးစလုံး အကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကိုဖိုးသော်အနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ ရှုံးခဲ့ပေမယ့် အရှုံးကို သင်ခန်းစာယူပြီး ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ရှုံးပွဲ (၁၀) ပွဲအထိရှိခဲ့ပါတယ်။ သူ့အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေအနေနဲ့ သူတို့သုံးဦးစလုံးကို အားပေးစေချင်ပါတယ်။ အပေါင်းလက္ခဏဆောင်တဲ့ အားပေးမှုတွေ ပြုလုပ်စေချင်ပါတယ်။ ထီရယ်လ်ထန်နဲ့ထိုးသတ်မယ့် ပြိုင်ဘက်က နပန်းအားနည်းပါတယ်။ ဒါပေမဲ့ ဒီအားနည်းချက်ကိုပဲ တိုက်လို့မရပါဘူး။ ဘက်ပေါင်းစုံထိုးသတ်နိုင်ဖို့ သင်ပေးထားပါတယ်''ဟု ပြောကြားခဲ့သည်။

အောင်လအန်ဆန်က မတ် (၃၁) ရက်တွင် ဂျပန်နိုင်ငံ၌ ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် လေ့ကျင့်မှုပြင်းပြင်းထန်ထန် ပြုလုပ်နေကြောင်းနှင့် သုံးချီအတွင်း အလဲထိုးအနိုင်ယူရန် ပြင်ဆင်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent