လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၁၅၄၈ မဂ္ဂါဝပ်ကျော်ရှိပြီး စက်မှုဇုန်နှင့် စက်မှုလက်မှုလုပ်ငန်းများတွင် သုံးစွဲနေသည့် ဝန်အားမှာ ၄၆၅ ဒသမ ၇၄၀ မဂ္ဂါဝပ်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၁၅၄၈ မဂ္ဂါဝပ်ကျော်ရှိပြီး စက်မှုဇုန်နှင့် စက်မှုလက်မှုလုပ်ငန်းများတွင် သုံးစွဲနေသည့် ဝန်အားမှာ ၄၆၅ ဒသမ ၇၄၀ မဂ္ဂါဝပ်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ကယားပြည်နယ်အတွင်းရှိ လောပိတရေအားလျှပ်စစ်စက်ရုံစီမံကိန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ကယားပြည်နယ်အတွင်းရှိ လောပိတရေအားလျှပ်စစ်စက်ရုံစီမံကိန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 25 February 2019
နီလာ

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၁၅၄၈ မဂ္ဂါဝပ်ကျော်ရှိပြီး စက်မှုဇုန်နှင့် စက်မှုလက်မှု လုပ်ငန်းများတွင် သုံးစွဲနေသည့် ဝန်အားမှာ ၄၆၅ ဒသမ ၇၄၀ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် လက်ရှိအချိန်တွင် ၃၅၈၆ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံး စွဲမှုမှာ ၁၅၄၈ ဒသမ ၂၃ မဂ္ဂါဝပ်ခန့်ရှိ၍ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး သုံးစွဲလျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုအခြေအနေကို လေ့လာကြည့်ပါက ဖေဖော်ဝါရီ၂၁ ရက်က  လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ အမြင့်ဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု  ၃၄၉၂ ဒသမ ၁ မဂ္ဂါဝပ်၊ တစ်ရက်စုစုပေါင်း ထုတ်လုပ်ခဲ့သည့် ယူနစ်ပေါင်း   ၆၂၉၆၇ ဒသမ ၅ မဂ္ဂါဝပ်နာရီဖြစ်ကြောင်း၊ နေပြည်တော်မှ ဓာတ်အားရရှိသုံးစွဲမှု ပမာဏ ၁၂၅ ဒသမ ၄ မဂ္ဂါဝပ်၊ ရန်ကုန်က ဓာတ်အားရရှိသုံး စွဲမှုပမာဏ  ၁၄၃၃ ဒသမ ၇ မဂ္ဂါဝပ်၊ မန္တလေးက ဓာတ်အားရရှိသုံးစွဲမှုပမာဏ ၅၀၇ ဒသမ ၉ မဂ္ဂါဝပ်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများက ဓာတ်အားရရှိသုံးစွဲမှုမှာ ၁၄၂၅ ဒသမ ၁ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်၊ စက်မှုလက်မှုလုပ်ငန်းများတွင် လက်ရှိသုံးစွဲနေသည့် ဝန်အားမှာ ၄၆၅ ဒသမ ၇၄၀ မဂ္ဂါ ဝပ်သုံးစွဲလျက်ရှိပြီး နောက်ထပ်လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန်  အခြေခံအဆောက်အအုံများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်ရေးအတွက်သာမက စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အားကို အလုံအလောက်ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည် များစွာတိုးတက်လာနိုင်မည်ဖြစ်သဖြင့် အစိုးရအနေဖြင့် ပြည်ထောင်စုရန်ပုံငွေကို အများဆုံးသုံးစွဲခွင့် ပြုခဲ့ကြောင်း၊ သို့ရာတွင် ရရှိသည့်ရန်ပုံငွေအလိုက် တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်နေရသည့်အတွက် အပိုင်းအလိုက် ဦးစားပေးအဆင့်ဆင့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

လာမည့်နွေရာသီတွင် ရန်ကုန်၏ သုံးစွဲမှုသည် အမြင့်ဆုံးသို့ရောက်မည်ဖြစ်သဖြင့် ဝန်ကြီးဌာန၏ ဖြန့်ဝေပေးမှုသည် အနည်းငယ်လိုအပ်နေမည်ဖြစ်၍ လိုအပ်နေသော ထုတ်လုပ်မှုအပိုင်းကို ဖြည့်ဆည်းမှုအနေဖြင့် စက်မှုလုပ်ငန်းရှင်များမှ မီးသုံးစွဲမှုများသော ညဦးပိုင်းအချိန်များတွင် အသုံးမပြုဘဲ ညပိုင်းအချိန်များတွင် အသုံးပြုသွားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် စက်မှုဇုန်လုပ်ငန်းရှင်များအား တိုက်တွန်းလိုက်သည်။

 

Most Read

Most Recent