ကမ္ဘာ့ရွှေစျေး ၁၃၂၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၀၈၁၆၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်လက်မြင့်တက်

ကမ္ဘာ့ရွှေစျေး ၁၃၂၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၀၈၁၆၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်လက်မြင့်တက်
Published 19 February 2019

ကမ္ဘာ့ရွှေစျေးသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ၁၃၂၅ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်းသည် ကျပ် ၁၀၈၁၆၀၀ ဝန်းကျင်အထိစံချိန်တင် ဆက်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေစျေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေစျေး မြင့်တက်မှုနှင့်အတူ စံချိန်တင်စျေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလ လယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀  ဖြင့် တင်ထားသော စံချိန်ကို ၂၀၁၈ ခုနှစ်သြဂုတ် ၂၃ ရက်မှစတင် ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံး ဖြစ်ပေါ်သည်။

ထို့နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၁ မှစတင်ကာ ရွှေစျေးနှုန်းစံ ချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်းနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀၊ ဖြင့်ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်  ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေ ဖော်ဝါရီ ၅ ရက်တွင် ကျပ် ၁၀၆၃၅၀၀၊ ဖေဖော်ဝါရီ ၈ ရက်တွင် ကျပ် ၁၀၇၁၀၀၀၊ ဖေဖော် ၀ါရီ ၉ ရက်တွင် ကျပ် ၁၀၇၆၀၀၀၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျပ် ၁၀၇၇၅၀၀၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျပ် ၁၀၈၁၆၀၀ အထိ စံချိန် တင်စျေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်သုံးလက ရွှေစျေးကို ပြန်ကြည့်ပါက နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေ စျေးနှုန်းအနိမ့်ဆုံးနှုန်း ကျပ် ၁၀၂၇၁၀၀ (နိုဝင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၄၄၅၀၀ (နိုဝင်ဘာ ၂ ရက်)၊ ဒီဇင်ဘာလ အတွင်း ပြည်တွင်းရွှေစျေးအနိမ့်ဆုံးစျေးနှုန်း ကျပ် ၉၈၇၀၀၀ (ဒီဇင်ဘာ ၄ ရက်)၊ အမြင့်ဆုံးစျေးနှုန်း ကျပ် ၁၀၄၃၀၀၀ (ဒီဇင်ဘာ ၂၉ ရက်)၊ ဇန်နဝါရီလအတွင်း ပြည်တွင်းရွှေစျေး အနိမ့်ဆုံးနှုန်း ကျပ် ၁၀၄၃၅၀၀ (ဇန်နဝါရီ ၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၆၃၀၀၀ (ဇန်နဝါရီ ၃၁ ရက်) တို့ဖြစ်ကြောင်း ရွှေရောင်း ဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လ အလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၈ ခုနှစ် သြဂုတ်တွင် ၁၁၇၄- ၁၂၂၁ ၊ စက်တင်ဘာတွင် ၁၁၈၂ -၁၂၀၆၊ အောက်တိုဘာတွင် ၁၁၈၅-၁၂၃၅ ဒေါ်လာ၊ နိုဝင်ဘာတွင်  ၁၁၉၈- ၁၂၃၅ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁၊  ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၆၀ ဝန်းကျင်အထိ ရှိခဲ့သည်။

Most Read

Most Recent