ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အခွန် ကျပ် ၁၇၇၄ ဘီလျံကျော်ရရှိခဲ့ပြီး လေးလအတွင်း အခွန်လျာထားချက်၏ ၂၈ ဒသမ ၆၂ ရာခိုင်နှုန်းကောက်ခံထား

ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အခွန် ကျပ် ၁၇၇၄ ဘီလျံကျော်ရရှိခဲ့ပြီး လေးလအတွင်း အခွန်လျာထားချက်၏ ၂၈ ဒသမ ၆၂ ရာခိုင်နှုန်းကောက်ခံထား
Published 19 February 2019
စည်သူအောင်

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလ ကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၁၇၇၄ ဒသမ ၅၉၁ ဘီလျံရရှိခဲ့ပြီး အခွန်လျာထားချက်၏ ၂၈ ဒသမ ၆၂ ရာခိုင်နှုန်း ကောက်ခံထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၅၈၆ ဘီလျံကျော် ကောက်ခံရန် မျှော်မှန်ထားခြင်းဖြစ်ပြီး အောက်တိုဘာမှ ဇန်နဝါရီလ လေးလအတွင်း ကျပ် ၁၇၇၄ ဘီလျံကျော် ကောက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၃၈၉ ဒသမ ၇၀၁ ဘီလျံ၊ သမဝါယမ ကဏ္ဍမှ ကျပ် ၀ ဒသမ ၇၅၉ ဘီလျံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၃၈၄ ဒသမ ၁၃၁ ဘီလျံ ပါဝင်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အခွန်တစ်မျိုးချင်း ကောက်ခံ ရရှိမှုအခြေအနေမှာ ဝင်ငွေခွန် ကျပ် ၇၇၂ ဒသမ ၂၈၈ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၈၇ ဒသမ ၈၈၉ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၃၅၆ ဒသမ ၃၃၂ ဘီလျံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၁၉ ဒသမ ၉၆၃ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန် ၃၈ ဒသမ ၁၁၉ ဘီလျံတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၂၀၁၈ ခုနှစ် အောက်တိုဘာမှ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ကောက်ခံရန်လျာထားပြီး ပြည်တွင်းအခွန် များဦးစီးဌာနမှကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၁၂၂ ဒသမ ၈၃၈ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ တံဆိပ်ခေါင်းခွန်မှ ၇၄ ဒသမ ၆၃၆ ဘီလျံ၊ အောင်ဘာလေ သိန်းဆုခွန်မှ ကျပ် ၁၄၂ ဒသမ ၇၈၁ ဘီလျံအထိရရှိရန် မျှော်မှန်းထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီ လျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုး မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆၉ ရာခိုင် နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ)၊ ၂၀၁၈ ဧပြီ -စက်တင်ဘာ ကြားကာလတွင်  ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ) ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေးနှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့်တက်ခဲ့သည်။ ထိုသို့အခွန်ကောက်ခံမှုမြင့် တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကြားကာလတွင် အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent