မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် ရန်ကုန်နှင့် မြစ်ငယ်တွင် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ်ထားပြီး Dry Port များ ဆက်လက်တည်ဆောက်ရန် နေရာခုနစ်နေရာအား အဆိုပြုထား

မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် ရန်ကုန်နှင့် မြစ်ငယ်တွင် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ်ထားပြီး Dry Port များ ဆက်လက်တည်ဆောက်ရန် နေရာခုနစ်နေရာအား အဆိုပြုထား
KM Terminal & Logistics Limited ၏ ကုန်းတွင်းဆိပ်ကမ်း ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
KM Terminal & Logistics Limited ၏ ကုန်းတွင်းဆိပ်ကမ်း ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Published 11 February 2019
ရွှန်းလဲ့ဝင်း

မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် ရန်ကုန်နှင့် မန္တလေးတွင် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ်ထားပြီး Dry Port များ ဆက်လက်တည်ဆောက်ရန် နေရာခုနှစ်ရာအား အဆိုပြုထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကုန်သေတ္တာတင် ရထားတွဲများဖြင့် သယ်ယူပို့ဆောင်နိုင်သော ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရန် အဆိုပြုထားသော နေရာများမှာ ရန်ကုန်၊ မန္တလေး၊ တမူး၊ မူဆယ်၊ မော်လမြိုင်၊ ပဲခူးနှင့် မုံရွာမြို့တို့ ဖြစ်ပြီး၊ လက်ရှိတွင် မုံရွာမြို့၌ ကိုရီးယားကုမ္ပဏီ တစ်ခုက ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရန် လေ့လာမှု ပြုလုပ်နေကြောင်း သိရသည်။

ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်မည့် နေရာအား ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့တော်ဖြစ်ရန်၊ အာရှရထားလမ်း၊ အာရှအဝေးပြေးလမ်းမနှင့် နီးစပ်ရန်၊ ကုန်ပစ္စည်း ထွက်ရှိသောနေရာ ဖြစ်ရန်နှင့် စက်မှုဇုန်များ တည်ရှိသော နေရာတို့အား သတ်မှတ်ပြီး ရွေးချယ်တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် Resources Group Logistics Co.,Ltd ၏ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းအား နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

Resources Group Logistics Co.,Ltd သည် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများကို ရင်းနှီးမြုပ်နှံမှု အနေဖြင့် ရန်ကုန်ရွာသာကြီး ကုန်းတွင်းဆိပ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၂၆သန်း၊ မြစ်ငယ်ကုန်းတွင်းဆိပ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၅သန်း၊ စုစုပေါင်း ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ ၄၉ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီး ဘူတာအနီး အမေရိကန်ဒေါ်လာ  ၅၅ သန်း ရင်းနှီးမြုပ်နှံ တည်ဆောက်ထားသည့် ရန်ကုန်ကုန်းတွင်း ဆိပ်ကမ်းအား နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကုန်းတွင်းဆိပ်ကမ်းအား ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါ ဆိပ်ကမ်းများအတွက် ယာဉ်ကြော သွားလာရေး ပိတ်ဆို့မှု လျှော့ချပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ်များ လျှော့ချနိုင်ရန် ရည်ရွယ်သည့် ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းတစ်ခုဖြစ်ပြီး ဘီအိုတီစနစ်ဖြင့် KM Terminal & Logistics Limited မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent