လယ်ယာမြေများကို ဥပဒေနှင့်အညီ အခြားနည်းသုံးစွဲခွင့် တင်ပြလျှောက်ထားခြင်း မရှိဘဲ မိမိသဘောအလျောက် ကြိုတင်ဆောင်ရွက်ခြင်းသည် တည်ဆဲလယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်များ ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရ

လယ်ယာမြေများကို ဥပဒေနှင့်အညီ အခြားနည်းသုံးစွဲခွင့် တင်ပြလျှောက်ထားခြင်း မရှိဘဲ မိမိသဘောအလျောက် ကြိုတင်ဆောင်ရွက်ခြင်းသည် တည်ဆဲလယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်များ ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရ
မိရိုးဖလာ လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်နေသော တောင်သူများအား တွေ့ရစဉ်
မိရိုးဖလာ လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်နေသော တောင်သူများအား တွေ့ရစဉ်
Published 9 February 2019
နီလာ

လယ်ယာမြေများကို ဥပဒေနှင့်အညီ အခြားနည်းသုံးစွဲခွင့် တင်ပြလျှောက်ထားခြင်းမရှိဘဲ မိမိသဘောအလျောက် ကြိုတင်ဆောင်ရွက်ခြင်းသည် တည်ဆဲလယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

ယင်းစည်းကမ်းချက်များကို ချိုးဖောက်ပါက ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် လယ်ယာမြေကို ခွင့်ပြုချက်မရရှိမီ အခြားနည်းသုံးစွဲခြင်း ကိစ္စရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၁၈ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေး ပေးချေရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် ရရှိပြီးနောက် ခြောက်လအတွင်း  သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံး မပြုသဖြင့် ခွင့်ပြုမိန့်များ ပယ်ဖျက်ပေးရန် လျှောက်ထားလာသည့် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တင်ပြထားသည့် အမှုတွဲ  ၅၇ တွဲနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့များက စိစစ်တင်ပြလာသည့် တည်ဆဲ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များအရ ကိုက်ညီမှန်ကန်မှုရှိပြီး ပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က) အရ  လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း အသုံးပြုထားသည့် ကိစ္စရပ်များအပေါ် အသုံးပြုသည့် နည်းလမ်းများအလိုက် သတ်မှတ်သင့်သော ဒဏ်ကြေးချမှတ်ရေး ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

လယ်ယာမြေများကို ဥပဒေနှင့်အညီ အခြားနည်းသုံးစွဲခွင့် တင်ပြလျှောက်ထားခြင်းမရှိဘဲ မိမိသဘောအလျောက် ကြိုတင်ဆောင်ရွက်ခြင်းသည် တည်ဆဲလယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ပါ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ချိုးဖောက်ခြင်းဖြစ်ပြီး ထိုသို့ ချိုးဖောက်ပါက ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်များအတိုင်း အရေးယူခြင်း၊ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်အတိုင်း ပြစ်ဒဏ်ချမှတ်ခြင်းများကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်နိုင်ကြောင်း၊ လယ်ယာမြေကို ခွင့်ပြုချက်မရရှိမီ အခြားနည်းသုံးစွဲခြင်း ကိစ္စရပ်များ လျော့နည်းပပျောက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent