ကမ္ဘာ့ရွှေစျေး ၁၃၁၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၀၇၆၀၀၀ အထိစံချိန်တင်ဆက်တက်

ကမ္ဘာ့ရွှေစျေး ၁၃၁၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၀၇၆၀၀၀ အထိစံချိန်တင်ဆက်တက်
ရွှေစျေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသည့် အကယ်ဒမီ ရွှေတုံးများအား တွေ့ရစဉ်
ရွှေစျေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသည့် အကယ်ဒမီ ရွှေတုံးများအား တွေ့ရစဉ်
Published 9 February 2019

ကမ္ဘာ့ရွှေစျေးသည် ဖေဖော်ဝါရီ ၈ ရက် တွင် ၁၃၁၄ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာစျေးပိတ်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၀၇၆၀၀၀ ဝန်းကျင်အထိစံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေစျေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေစျေး မြင့်တက်မှုနှင့်အတူ စံချိန်တင်စျေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀  ဖြင့် တင်ထားသော စံချိန်ကို ၂၀၁၈ ခုနှစ်သြဂုတ် ၂၃ ရက်မှစတင် ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံး ဖြစ်ပေါ်သည်။ ထို့နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၁ မှစတင်ကာ ရွှေစျေးနှုန်း စံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ          ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် အောက်တိုဘာ လဆန်းနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိကျ ဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေ စျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေး နှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ သည်။ ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့်ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်  ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၁၀၆၃၅၀၀၊ ဖေ ဖော်ဝါ ရီ ၆ ရက်တွင် ကျပ် ၁၀၆၅၅၀၀၊ ဖေ ဖော်ဝါရီ ၈ ရက်တွင် ကျပ် ၁၀၇၁၀၀၀၊ ဖေဖော် ၀ါရီ ၉ ရက်တွင် ၁၀၇၆၀၀၀ အထိ စံချိန်တင် စျေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ် နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်သုံးလက ရွှေစျေးကို ပြန်ကြည့်ပါက နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေ စျေးနှုန်းအနိမ့်ဆုံးနှုန်း ကျပ် ၁၀၂၇၁၀၀ (နိုဝင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၄၄၅၀၀ (နိုဝင်ဘာ ၂ ရက်)၊ ဒီဇင်ဘာလ အတွင်း ပြည်တွင်းရွှေစျေးအနိမ့်ဆုံးစျေး နှုန်း ကျပ် ၉၈၇၀၀၀ (ဒီဇင်ဘာ ၄ ရက်)၊ အမြင့်ဆုံး စျေးနှုန်း ကျပ် ၁၀၄၃၀၀၀ (ဒီဇင်ဘာ ၂၉ ရက်)၊ ဇန်နဝါရီလအတွင်း ပြည်တွင်းရွှေစျေး အနိမ့်ဆုံးနှုန်း ကျပ် ၁၀၄၃၅၀၀ (ဇန်နဝါရီ ၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၆၃၀၀၀ (ဇန် နဝါရီ ၃၁ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၈ ခုနှစ် သြဂုတ်တွင် ၁၁၇၄- ၁၂၂၁ ၊ စက်တင်ဘာတွင် ၁၁၈၂ -၁၂၀၆၊ အောက်တိုဘာတွင် ၁၁၈၅-၁၂၃၅ ဒေါ်လာ၊ နိုဝင်ဘာတွင်  ၁၁၉၈ -၁၂၃၅ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁၊ ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent