မြန်မာ့လက်ရွေးစင်အသင်း မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင်အသင်း မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်
Photo : EMG
Photo : EMG
Published 26 January 2019

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခု နှစ်အတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ သတ်မှတ်ထားသည့် နိုင်ငံတကာပွဲကစားရ မည့်ရက်များတွင် မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနိုင် ရန် ဆောင်ရွက်လျက်ရှိသည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်း အတွက် နည်းပြချုပ်သစ် ခန့်အပ်နိုင်ခြင်းမရှိသေးသော်လည်း ခြေစမ်းပွဲကစားရန် သဘောတူညီမှုရရှိထားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားပြီး နောက်ပိုင်း ငါးလကျော်ကြာမှ ခြေစမ်းပွဲ ပြန် လည်ကစားခြင်းဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြချုပ် ခန့်အပ်နိုင်ခြင်းမရှိသေးပေမဲ့ ခြေစမ်းပွဲတွေကစားဖို့တော့ ကြိုတင်စီစဉ် ထားပါတယ်။ နည်းပြသစ်ကိုလည်း ဖေဖော် ၀ါရီလဆန်းမှာ အပြီးသတ်ခန့်အပ်မှာ ဖြစ်ပါ တယ်။ မတ်လမှာကစားမယ့် နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲအတွက် အသင်းတွေရထား ပြီးပါပြီ။ နည်းပြသစ်ခန့်အပ်ပြီးတာနဲ့ ထုတ် ပြန်ကြေညာမှာဖြစ်ပါတယ်။ နှစ်ပွဲစလုံး အိမ် ကွင်းမှာပဲ ကစားမှာဖြစ်ပါတယ်''ဟု MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောကြားသည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်း ၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုမရသောကြောင့် နည်းပြချုပ်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သည့် ဂျာမန် နည်းပြ အန်တွမ်နီဟေးနှင့်လမ်းခွဲခဲ့ပြီး နည်းပြ သစ်တစ်ဦး အစားထိုးခန့်အပ်ရန် စီစဉ်နေ ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် လျှောက်ထားသူ ၆၀ အနက် ပဏာမအဆင့် ရှစ်ဦးရွေးချယ် ထားပြီး ယခုလအတွင်း ထပ်မံစိစစ်၍ နောက် ဆုံးတစ်ဦးကို မကြာမီရွေးချယ်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် နှစ်တွင် FIFA အသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး မေတွင် တရုတ်လက်ရွေးစင်အသင်းကို (၀-၁) ဂိုး၊ အောက်တိုဘာတွင် အင်ဒိုနီးရှားအသင်းကို (၀-၃) ဂိုး၊ ဘိုလစ်ဗီးယားအသင်းကို (၀-၃) ဂိုး၊ ဘာရိန်းအသင်းကို (၁-၄) ဂိုးဖြင့် လေးပွဲ စလုံးရှုံးနိမ့်ခဲ့သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းသည် မေလဒုတိယပတ်တွင် အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူ နိုက်တက်အသင်းနှင့် မန္တလေးမြို့၌ ခြေစမ်း ကစားရာ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

MFF သည် မတ်လတွင် ခြေစမ်းကစား မည့် ပြိုင်ဘက်အသင်းများကို ထုတ်ပြန် ကြေညာခြင်းမရှိသေးသော်လည်း အာရှ ဒေသတွင်းမှ လက်ရွေးစင်အသင်းများသာ ဖြစ်ဖွယ်ရှိပြီး ထိပ်တန်းအဆင့်အသင်းများကို ဖိတ်ကြားထားသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ယခုနှစ်အတွင်း ခြေစမ်းပွဲများ သာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Most Read

Most Recent