ဘာလီဗုံးခွဲမှုနှင့် ဆက်စပ်နေသော ဘာသာရေးဆရာအား စော၍လွှတ်ပေးမည့်ကိစ္စကို အင်ဒိုနီးရှားက ပြန်သုံးသပ်နေ

ဘာလီဗုံးခွဲမှုနှင့် ဆက်စပ်နေသော ဘာသာရေးဆရာအား စော၍လွှတ်ပေးမည့်ကိစ္စကို အင်ဒိုနီးရှားက ပြန်သုံးသပ်နေ
ဇန်နဝါရီ ၂၂ ရက်တွင် အင်ဒိုနီးရှား ဘာသာရေးဆရာ အဘူဘာကာဘာရှားအား ထိန်းသိမ်းထားသည့်  ဂန်နူအန်စင်တာ အကျဉ်းထောင်၌ လုံခြုံရေးများကင်းလှည့်နေကြစဉ် Phot : AFP 
ဇန်နဝါရီ ၂၂ ရက်တွင် အင်ဒိုနီးရှား ဘာသာရေးဆရာ အဘူဘာကာဘာရှားအား ထိန်းသိမ်းထားသည့်  ဂန်နူအန်စင်တာ အကျဉ်းထောင်၌ လုံခြုံရေးများကင်းလှည့်နေကြစဉ် Phot : AFP 
Published 22 January 2019
Ref : AFP

လူအများအပြားသေခဲ့ရသော ဘာလီဗုံးခွဲမှုများနှင့် ဆက်စပ်နေသည့် အစွန်းရောက် ဘာသာရေးဆရာတစ်ဦးကို လွှတ်ပေးရန် အံ့အားသင့်ဖွယ် အစီအစဉ်သည် ပြင်းထန်သော ဝေဖန်မှုတို့နှင့် ရင်ဆိုင်ရပြီးနောက် ပြန်လည်သုံးသပ်နေကြောင်း အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ခဲ့သည်။ 

တစ်ချိန်က အစ္စလာမစ်စစ်သွေးကြွနှင့် အလားတူသည်ဟု အင်ဒိုနီးရှားတွင် သတ်မှတ်ခံခဲ့ရသော အဘူဘာကာဘာရှားသည် နိုင်ငံခြားသားခရီးသွားအများစုအပါအဝင် လူ ၂၀၀ ကျော်ကို သေဆုံးစေခဲ့သည့် ၂၀၀၂ ခုနှစ်က ဘာလီဗုံးခွဲတိုက်ခိုက်မှုတို့၏ နောက်ကွယ်မှ အကြမ်းဖက်ကွန်ရက်တစ်ခုနှင့် ဆက်စပ်မှုရှိသူဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကမူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ဘာရှားကို စောစီးစွာ ပြန်လွှတ်ပေးလိုက်ရန် ခွင့်ပြုပေးခဲ့သည်။ ဘာရှားသည် Jemaah Islamiyah (JS) စစ်သွေးကြွအုပ်စု၏ အဓိကပုဂ္ဂိုလ်တစ်ဦးဟုလည်း ယူဆရသည်။ သို့သော် သမ္မတ ဝီဒိုဒိုက အသက် ၈၀ အရွယ် ထိုဘာသာရေးဆရာမှာ အိုမင်းမစွမ်းဖြစ်နေပြီး လူသားချင်း စာနာထောက်ထားသည့်အနေနှင့် လွှတ်ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။ 

ဘာရှားကို လွှတ်ပေးရန် အစီအစဉ်သည် အင်ဒိုနီးရှားလူမှုမီဒီယာများပေါ်၌ ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့စေရုံသာမက ဘာရှားသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသေးကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သတိပေးသည်အထိ ပြည်တွင်းပြည်ပမှ ပြစ်တင်ဝေဖန်မှုများစွာ ထွက်ပေါ်လာစေခဲ့သည်။ ဘာလီတိုက်ခိုက်မှုအတွင်း သြစတြေးလျနိုင်ငံသား ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။

ထိုစဉ် နောက်ကြောင်းပြန်လှည့်မှုအဖြစ် ဘာရှားအားထောင်မှ ပြန်လွှတ်ပေးရေးကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အလုံးစုံပြန်လည်လေ့လာရန် သမ္မတက ညွှန်ကြားခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် လုံခြုံရေးဝန်ကြီး ဝီရန်တိုက ပြောကြားခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် အပြီးသတ်ဆုံးဖြတ်ချက် ထွက်လာမည်ကို မပြောခဲ့ပေ။

ရှေးရိုးစွဲ အစ္စလာမ်တို့ရှိရာ အာချေးပြည်နယ်တွင် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ကိုရန်ပုံငွေထောက်ပံ့ရန်ကူညီမှုဖြင့် ဘာရှားသည် ၂၀၁၁ ခုနှစ်က ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ သွေးမြောက်နေသည့် ထိုဘာသာရေးဆရာသည် ယခင်ကလည်း ဘာလီဗုံးခွဲမှုများနှင့် ပတ်သက်၍ ထောင်ကျခဲ့ဖူးသည်။ သို့သော် အယူခံပြန်ဝင်ရာမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ ဘာရှားကမူ ထိုအကြမ်းဖက်တိုက်ခိုက်မှုတို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။

“ဒီကိစ္စကြီးတစ်ခုလုံးဟာ စိတ်ကူးနိုင်တာထက် ပိုပြီးမိုက်မဲပါတယ်” ဟု ဘာရှားအား ပြန်လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်ပြီး Twitter အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

လေ့လာသူများကမူ ကမ္ဘာ့အကြီးဆုံး မွတ်စလင်အများစုနေထိုင်သည့်နိုင်ငံ အင်ဒိုနီးရှားအား ဦးဆောင်ရေးအတွက် ဝီဒီုဒိုသည် သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်းနေချိန်နှင့် ဘာရှားအား ပြန်လွှတ်ရန် မူလက ကြေညာချက်တို့ တိုက်ဆိုင်နေခြင်းအပေါ် မေးခွန်းထုတ်ခဲ့သည်။

 

Most Read

Most Recent