မရပ်တန့်သောအောင်မြင်မှုများနှင့် Angela Lee ၏ လျို့ဝှက်ချက် ၃ ခု

မရပ်တန့်သောအောင်မြင်မှုများနှင့် Angela Lee ၏ လျို့ဝှက်ချက် ၃ ခု
Photo : One Championship
Photo : One Championship
Published 8 January 2019
May Nyein Soe

အသက် ၂၂ နှစ်ရှိပြီဖြစ်သော “Unstoppable” Angela Lee သည် ကြိုးစားအားထုတ်မှု၊ ထူးခြားသောပါရမီနှင့် မှန်ကန်သောစိတ်ဓါတ်တို့ကိုပေါင်းစပ်၍ အောင်မြင်မှုများရယူနိုင်သည့်သူများထဲတွင် အကောင်းဆုံးစံပြတစ်ဦးဖြစ်သည်။

ဤ ONE အက်တန်ဝိတ်ကမ္ဘာ့ချန်ပီယံ Lee သည် ယှဉ်ပြိုင်ရန်ခက်ခဲသော ကမ္ဘာ့ထိပ်တန်း အမျိုးသမီးကိုယ်ခံပညာသိုင်ပေါင်းစုံ ကစားသမားများနှင့် ထိုးသတ်ယှဉ်ပြိုင်ခဲ့သည့်အပြင်၊ သတင်းမီဒီယာများ၏ အထူးအာရုံစိုက်ခြင်းကိုလည်း ခံနေရသူဖြစ်သည်။    

ONE တွင် ပြိုင်ပွဲဝင်လိုသူမဟုတ်လျှင်ပင် Lee ၏ နေ့စဉ်ဘဝဖြတ်သန်းမှုမှ သင်ယူလေ့လာဖွယ်ရာများစွာရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။

Lee အနေဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်စွာ အကောင်းဆုံးရပ်တည်နိုင်ခြင်း၏ လျှို့ဝှက်ချက်များကို မျှဝေပေးခဲ့သည်။

 

စိတ်ဓာတ်ရေးရာ ကြံ့ခိုင်ပါစေ။

လူတစ်ယောက်သည် လောကတွင် မွေးရာပါ ပါရမီများ ပိုင်ဆိုင်ထားသော်လည်း ကြံ့ခိုင်သောစိတ်ဓာတ်မထားရှိနိုင်လျှင် ဘဝလမ်းတစ်လျှောက် မမျှော်လင့်ဘဲ ကြုံတွေ့လာရနိုင်သည့် အခက်အခဲ၊ အတားအဆီးများကို ကျော်ဖြတ်သည့်နေရာတွင် လွန်စွာရုန်းကန်ရတတ်သည်။

မိမိသည်အားကစားသမားတစ်ဦးဖြစ်စေ၊ ရုံးဝန်ထမ်း သို့မဟုတ်၊ မိဘတစ်ဦးပင်ဖြစ်ပါစေ ထိုအချက်သည် လူတိုင်းအတွက် မှန်ကန််သည်။

ကြံ့ခိုင်သောစိတ်ဓါတ်သည် လူတစ်ဦးကို အပြင်းထန်ဆုံးမုန်တိုင်းများကြားတွင်ပင် လမ်းမှားမရောက်အောင် ပဲ့ကိိုင်ပေးနိုင်သည်။   

“ပြိုင်ပွဲတစ်ခုမှာ စိတ်ဓာတ်ခွန်အားက အရမ်းအရေးပါပါတယ်။ ကျွန်မ ငယ်စဉ်ကတည်းက စိတ်ဓါတ်ကြံ့ခိုင်ဖို့ လေ့လာသင်ယူခွင့်ရခဲ့ရတဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်။ ကျွန်မအဖေက ကျွန်မရဲ့ နည်းပြချုပ်ဖြစ်သလိို လက်ဦးဆရာလည်းဟုတ်ပါတယ်။” ဟု Lee က ဆိုသည်။

“သူက ကျွန်မ ဘာလုပ်လုပ် အမြဲတမ်း အကြံဉာဏ်ကောင်းတွေပေးတယ်။ ဘဝအတွက်ရော လေ့ကျင့်မှုနဲ့ ပတ်သက်ပြီးတော့ရောပေါ့။ သူသင်ပေးခဲ့တဲ့ သင်ခန််းစာတွေကို ကျွန်မ ကြိုးဝိုင်းထဲမှာဖြစ်ဖြစ် ကြိုးဝိုင်းအပြင် နေ့စဉ်ဘဝမှာဖြစ်ဖြစ် အသုံးချလို့ ရခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်မက ငယ်ငယ်ကတည်းက စိတ်ဓာတ်ကြံ့ခိုင်မှုရှိခဲ့တယ်လို့

 ထင်ပါတယ်။” ဟု ၎င်းက ဆိိုသည်။

 

မိမိ၏ရည်မှန်းချက်ပန်းတိိုင်၊ ကြိုးစားအားထုတ်မှုအပေါ် ယုံကြည်ချက်အပြည့်ထားပါ။

လူတိုင်း၏မသိစိတ်တွင် သံသယများ၊ စိုးရိမ်ပူပန်မှုများကို ပိုမိုတိုးပွားစေတတ်သော အတွေးများရှိနေတတ်သည်။

ထိုအတွေးများကပင် အတွေ့အကြုံအသစ်များရှာဖွေရာတွင် တားဆီးခြင်း၊ ပြိုင်ပွဲများတွင် သို့မဟုတ် စာသင်ခန်းထဲတွင် မိမိ၏စွမ်းဆောင်ရည်များကို ကန့်သတ်ခြင်း၊ မိမိ၏ အမှန်တကယ် အလားအလာရှိသောအနာဂါတ်အတွက်

 အနှောက်အယှက်ပြုခြင်းတို့ ဖြစ်စေခြင်းဖြစ်သည်။

Lee ကဲ့သို့သော အောင်မြင်နေသော အားကစားသမားတစ်ဦးတွင်ပင်လျှင် ထိုကဲ့သို့အတွေးများရှိတတ်သော်လည်း ၎င်း၏ အလုပ်အပေါ်ကိုယုံကြည်သည့်စိတ်၊ အရောက်လှမ်းလိုသော ပန်းတိုင်အတွက် အာရုံစိုက်ကြိုးစားခြင်းဖြင့် မကောင်းသောအတွေးများကို လျစ်လျူရှုခဲ့သည်။

“ကျွန်မကိုယ်ကျွန်မ သံသယဝင်လာရင် ကျွန်မယုံကြည်ချက်ထားနိုင်တဲ့ တစ်ခုတည်းသောအရာက အားကစားရုံမှာ လေ့ကျင့်ထားတဲ့အချိန်တွေပါပဲ။ ဒီနေ့ဒီအချိန် ကျွန်မရောက်နေတဲ့နေရာအတွက် ကျွန်မ မြှုပ်နှံခဲ့ရတာတွေ ကြိုးစားခဲ့ရတာတွေရှိခဲ့ပါတယ်။ အလုပ်ကို ကြိုးစားရင် လိုချင်တဲ့ရလဒ်ကိုရလာနိုင်မှာပါ။ ဒါက သိပ်ကို ရိုးရှင်းတဲ့ သဘောတရားပါပဲ။” ဟု Lee က ဆိုသည်။

“ကျွန်မစိတ်ထဲမှာ ‘ငါ အကောင်းဆုံးမလုပ်နိုင်ခဲ့ရင်ရော’ ဆိုပြီး အတွေးတွေဝင်တဲ့အချိန်တွေလည်း ရှိခဲ့တယ်။ အဲလိုအချိန်တွေကျရင် ‘မဟုတ်သေးဘူး။ ငါ အချိန်တွေပေးပြီး ကြိုးစားထားခဲ့ရတာ။ ဒါငါ့ရဲ့ ဝါသနာ။ ငါ မြတ်နိုးလို့ လုပ်နေတဲ့အလုပ်။’ ဆိုပြီး အမြဲစိတ်နှလုံးသွင်းရတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို ဘာကြောင့်လုပ်နေတယ်ဆိုတာကို အမြဲနှလုံးသွင်းထားနိုင်မယ်ဆိုရင် အမြဲ အဆင်ပြေပြေရှိနေမယ်လို့ ထင်ပါတယ်။”

ထိုနည်းလမ်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်တွေ့အသုံးချမည်ဆိုလျှင် အကျိုးကျေးဇူးကို မုချတွေ့မြင်ခံစားရမည် ဖြစ်သည်။

 

မိမိအပေါ် စိတ်ထားမှန်ကန်သူများဖြင့်နေထိုင်ပါ။

‘ရတနာရှိရာ ရတနာစု’ ဆိုသကဲ့သို့ပင် အကယ်၍ မိမိ၏အနားတွင် မိမိကိုအထောက်အပံ့ပြုမည့်သူ၊ စိတ်ဓါတ်ခွန်အားပေးမည့်သူ၊ အကောင်းဆုံးကြိုးစားရန် တွန်းအားပေးမည့်သူများဖြင့် ဝန််းရံနေလျှင် မိမိအတွက် ကောင်းသောအရာများသာ မလွဲမသွေဖြစ်လာမည်ဖြစ်သည်။

Lee is a perfect example of someone who makes sure she keeps the right people around her.

Lee သည် မိတ်ဆွေကောင်းများကို ၎င်း၏အနားတွင် ရှိနေစေရန် မိတ်ဖွဲ့တတ်သည့် စံပြအားကစားသမားဖြစ်သည်။

“ကျွန်မမိသားစုကကျွန်မရဲ့ နားခိုရာပါ။ သူတိို့က ကျွန်မကို ကိုယ့်ကိုယ်ကို နှိမ့်ချတတ်အောင် သင်ပေးတယ်၊ အိမ်မှာပဲ နေခိုင်းတယ်။ ဒါပေမယ့် သူတို့ကပဲ ကျွန်မအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် တွန်းအားပေးခဲ့တယ်။ အဲ့ဒီလိုအားပေးမှုက သိပ်ကို အရေးပါပါတယ်။ ဒီလိုမျိုး စိတ်ခွန်အားပေးတတ်တဲ့ မိသားစုမျိုးကို ရရှိထားလို့ ကျွန်မ သိပ်ကိုကံကောင်းပါတယ်။” ဟု Lee က ဂုဏ်ယူစွာ ပြောပြခဲ့သည်။

အကယ်၍ သင့်အနေဖြင့်လည်း Lee ၏ အောင်မြင်မှုလျှို့ဝှက်ချက် ၃ ချက်ကို လက်တွေ့အသုံးချနိုင်မည်ဆိုပါက သင်၏အောင်မြင်မှုကို မည်သည့်အရာကမှ တားဆီးနိုင်တော့မည်မဟုတ်ပေ။

 

 

Most Read

Most Recent