ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်
Photo : ESPN
Photo : ESPN
Published 29 December 2018

ယနေ့ ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၆)ပွဲရှိပါသည်။

ဘရိုက်တန် - အဲဗာတန် (၂၉-၁၂-၂၀၁၈ ည ၉း၃၀)

ဘရိုက်တန်မှာ အားထားရတဲ့ ဂျာဟန်းဘက်ရှ်၊ အစ်ဇ်ကယ်ရာဒိုတို့ ဒဏ်ရာရနေဆဲ ဖြစ်ပြီး အသင်းကို အားနည်းစေတယ်။ ကစားသမားတစ်ဦးချင်း အရည်အသွေးပိုင်းမှာတော့ အဲဗာတန်ကအများကြီးသာပါတယ်။ အဲဗာတန်မှာ ခံစစ်ပြဿနာရှိပေမယ့် တိုက်စစ်ကတော့ ပွဲတိုင်းလိုလို ဂိုးရတဲ့တိုက်စစ်မျိုး ဖြစ်နေတယ်။ ဂိုးများနိုင်တဲ့ပွဲဖြစ်ပြီး အဲဗာတန်ကို ကြိုက်တယ်။

ဖူလ်ဟမ် - ဟတ်ဒါဖီးလ် (၂၉-၁၂-၂၀၁၈ ည ၉း၃၀)

ဖူလ်ဟမ်က ရာနီရေးရီလက်ထက်မှာလည်း တိုးတက်မလာဘူး။ ဂိုးရရင် ဂိုးတွေအများကြီးပေးရတယ်။ ဂိုးသိပ်မပေးရရင် ဂိုးမသွင်းနိုင်တော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဟတ်ဒါဖီးလ်က အိမ်ကွင်းကောင်းပေမယ့် အဝေးကွင်းမှာအားနည်းပါတယ်။ ဒီလိုအသင်းမျိုးကို အိမ်ကွင်းမှာအနိုင်မကစားနိုင်ရင် ရာနီရေးရီရော၊ ဖူလ်ဟမ်ပါ ဖိအားပိုများလာလိမ့်မယ်။ ဒီပွဲကတော့ ဖူလ်ဟမ်အတွက် နိုင်ပွဲဖြစ်ဖို့များပါတယ်။

လက်စတာ - ကာဒစ်ဖ် (၂၉-၁၂-၂၀၁၈ ည ၉း၃၀)

လက်စတာရဲ့ လက်ရှိခြေစွမ်းက အားရစရာအနေအထားမှာရှိပါတယ်။ တိုက်စစ်ပိုင်းမှာ ဗာဒီ၊ မက်ဒီဆန်တို့က အားထားရသလို၊ ကွင်းလယ်နဲ့ ခံစစ်ကလည်း အားကောင်းတယ်။ ကာဒစ်ဖ်စီးတီးက နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက်ပေးပြီး ရလဒ်ကျဆင်းနေတဲ့ အသင်းပါ။ လက်စတာအသင်းရဲ့ တိုက်စစ်ပိုင်းကို ကာဒစ်ဖ်ခံစစ်က ထိန်းချုပ်နိုင်ဖို့ ခက်လိမ့်မယ်။ လက်စတာ နိုင်ပွဲသေချာပါတယ်။

စပါး - ဝုလ်ဗ် (၂၉-၁၂-၂၀၁၈ ည ၉း၃၀)

စပါးက အကောင်းဆုံးပုံစံပြနေပြီး လီဗာပူးလ်နဲ့ မန်စီးတီး ခြေအချော်ကိုစောင့်ရင်း ချန်ပီယံဆုကို မျှော်လင့်လို့ရတဲ့အသင်းမျိုးဖြစ်တယ်။ ထိပ်ဆုံး (၅)သင်းထဲမှာ ရှုံးပွဲအများဆုံးအသင်းဖြစ်ပေမယ့် စပါးရဲ့အားသာချက်က သရေပွဲလုံးဝမရှိတာဖြစ်ပြီး ဒီရာသီမှာ (၁၄)ပွဲအနိုင်ရထားတယ်။ ဝုလ်ဗ်အသင်းက ပထမကျော့တုန်းက စပါးနဲ့အကြိတ်အနယ်ကစားခဲ့ပေမယ့် စပါးကွင်းမှာတော့ ယှဉ်နိုင်ဖို့မရှိပါဘူး။ စပါးအနိုင်သေချာပါတယ်။

ဝက်ဖို့ဒ် - နယူးကာဆယ် (၂၉-၁၂-၂၀၁၈ ည ၉း၃၀)

ဝက်ဖို့ဒ်က ရလဒ်ကောင်းတွေနဲ့အတူ အမှတ်ပေးဇယားထိပ်ပိုင်းကိုပြန်ရောက်လာ တာတွေ့ရတယ်။ နယူးကာဆယ်က တန်းဆင်းဇုန်နဲ့ (၃)မှတ်အကွာကအသင်းဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ တိုက်စစ်ပိုင်းကဂိုးရဖို့အတွက်တောင် ရုန်းကန်လာရတာကိုတွေ့ရ တယ်။ လက်ရှိအနေအထားအရ ဝက်ဖို့ဒ်ကွင်းမှာ နယူးကာဆယ် ယှဉ်နိုင်ဖို့မလွယ်ပါဘူး။ ဝက်ဖို့ဒ်ကိုပဲ ကြိုက်တယ်။

လီဗာပူး - အာဆင်နယ် (၂၉-၁၂-၂၀၁၈ ည ၁၂းဝ၀)

Boxing Day အပြီး (၃)ရက်အကြာမှာပဲ လီဗာပူးလ်ရော၊ အာဆင်နယ်ပါ ပွဲကျပ်တစ်ပွဲကို ကစားရမှာဖြစ်တယ်။ လက် ရှိအနေအထားအရ လီဗာပူးလ်က တစ်ဦးချင်းခြေစွမ်း၊ စုဖွဲ့မှု၊ တစ်ရာသီလုံးရလဒ်ရော၊ Current Form ပါ ပိုကောင်းနေတာ တွေ့ရတယ်။ ဒီနှစ်သင်းကြားက ရည်မှန်းချက်ပိုင်းက ခြားနားမှုရှိနေတယ်။ လီဗာပူးလ်က ချန်ပီယံဆုအတွက်ကစားရမယ့်အ သင်းဖြစ်ပြီး၊ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အမှားမခံတဲ့အခြေအနေဖြစ်တယ်။ အာဆင်နယ်အသင်းရဲ့ တိုက်စစ် ပိုင်းမှာ အူဘာမီယန်း-လာကာဇက် အတွဲလိုက်ကစားပြီး အိုဇေးလ်ကိုသာသုံးရင် လီဗာပူးလ်ခံစစ်ကို ပိုမောင်းကစားနိုင်ဖို့ရှိပြီး  မစ်ခီတာရီယန်၊ အီဝိုဘီတို့ကိုသုံးပြီး ကွင်းလယ်အားကိုပိုဖြည့်မယ်၊ လုပ်အားနှုန်းကို အခြေပြုမယ်လို့ တွေးလိုက်ရင်တော့ ဗန်ဒိုက်ဦးဆောင်တဲ့ ခံစစ်ကို ထိုးဖောက်နိုင်ဖို့မလွယ်ဘူး။ လီဗာပူးလ်ခံစစ်ပိုင်းက တစ်ဦးချင်းရော၊ အတန်းလိုက်နားလည်မှုပါအ မြင့်ဆုံးအခြေအနေမှာရှိသလို၊ ကွင်းလယ်မှာ ဘယ်အတွဲအဖက်ကိုသုံးသုံး တိုက်စစ်၊ ခံစစ်နှစ်ခုစလုံးကို ထောက်ကူပေးနိုင်တာ တွေ့ရတယ်။ နှစ်သင်းစလုံးမှာ ပွဲအဖြေကို ပြောင်းပေးနိုင်တဲ့ ဆာလာ၊ မာနေ၊ အူဘာမီယန်း၊ လာကာဇက်တို့လိုကစားသမား တွေကို ပိုင်ဆိုင်ထားပြီး လီဗာပူးလ်ရဲ့တိုက်စစ်ပ့ံပိုးပုံက ပိုကောင်းတယ်။ လီဗာပူးလ် (၂-၁)လောက်နဲ့နိုင်ဖို့များတယ်။

 

Most Read

Most Recent