အောင်လအန်ဆန် လာမည့်နှစ်တွင် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်

အောင်လအန်ဆန် လာမည့်နှစ်တွင် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်
Photo : EMG
Photo : EMG
Published 24 December 2018

အောင်လအန်ဆန်သည် လာမည့်နှစ်တွင် ၀ိတ်တန်းနှစ်ခုစလုံး၏ ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများ ထိုးသတ်ရမည်ဟု အတည်ပြုထားပြီး လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ရမည့်ကာလကို ONE Championship အဖွဲ့အစည်းက အတည်ပြုခြင်းမရှိသေးပေ။

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်တွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံဆုကာကွယ်ပွဲအပြင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲပါ ထိုးသတ်ရမည်ဖြစ် ကြောင်း သိရသည်။

အောင်လအန်ဆန်သည် မူလက မတ်လတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲထိုးသတ်ရန် စီစဉ်ထားသော်လည်း အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ် ပွဲထိုးသတ်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် လာမည့်နှစ်တွင် ၀ိတ်တန်းနှစ်ခုစလုံး၏ ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများ ထိုးသတ်ရမည်ဟု အတည်ပြုထားပြီး လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ရမည့်ကာလကို ONE Championship အဖွဲ့အစည်းက အတည်ပြုခြင်းမရှိသေးပေ။

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်တွင် ပထမဆုံးပြိုင်ပွဲအဖြစ် မတ် ၃၁ ရက် တွင် ဂျပန်နိုင်ငံ၌ အိမ်ရှင်နိုင်ငံသား ဟဆဲဂါ၀ါနှင့် ယှဉ်ပြိုင်ထိုးသတ်ရ မည်ဖြစ်သည်။

ဟဆဲဂါ၀ါသည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် အောင်လအန်ဆန်ကို ဒုတိယအကြိမ် စိန်ခေါ်ခြင်းဖြစ်ပြီး ပထမပွဲတွင် ပဥ္စမအချီ၌ အလဲထိုးဖြင့် ရှုံး နိမ့်ခဲ့သည်။

ယင်းပွဲကို ဇွန်လကုန် တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ဟဆဲဂါ၀ါအနေဖြင့် ကိုးလအကြာတွင် ချန်ပီယံဆုကို ထပ်မံစိန်ခေါ်ခွင့်ရခဲ့ ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် လက်ဘနွန်နိုင်ငံသား ကရာကီနှင့် ထိုးသတ်ပြီးနောက်ပိုင်း လေ့ကျင့်မှုများသာပြုလုပ်လျက်ရှိပြီး နို ဝင်ဘာတွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် Global MMA ဆုပေးပွဲ တက်ရာက်ခဲ့သလို ဒီဇင်ဘာဒုတိယပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် MMA ရန်ပုံငွေသင်တန်းတွင် သင်ကြားပေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ကချင် ပြည်နယ်၌ပြုလုပ်သည့် ၎င်း၏ အထိမ်းအမှတ် ရုပ်တုဖွင့်ပွဲသို့ မိသားစုနှင့် တက်ရောက်ခဲ့သည်။

အောင်လအန်ဆန်သည် လာမည့်နှစ်တွင် အနည်းဆုံးပြိုင်ပွဲသုံးပွဲ ထိုးသတ်ရဖွယ်ရှိနေပြီး ၂၀၁၉ ခုနှစ် တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့်ပွဲတစ်ပွဲသာ ပါဝင်နေသည်။

၎င်းသည် ၂၀၁၈ တွင် ထိုးသတ်သည့်သုံးပွဲစလုံး ရန်ကုန်မြို့၌သာ ထိုးသတ်ခဲ့ရသည်။

Most Read

Most Recent