Demetrious Johnson သိထားသော ONE Championship အကြောင်း

Demetrious Johnson သိထားသော ONE Championship အကြောင်း
Photo : One Championship
Photo : One Championship
Published 19 December 2018

  Schaub နှင့် Below the Belt podcast အစီအစဉ်တွေ့ဆုံမေးမြန်းခန်းတွင် Johnson သည် လက်ဝှေ့ကစားခြင်းကို စွန့်လွှတ်ရန် ‘ငါးနှစ် ခြောက်နှစ်လောက် ကျန်ပါသေးသည်’ ဟု ၎င်း၏ သစ္စာရှိပရိတ်သတ်များကို ဝမ်းသာပိတိဖြစ်စေမည့် သတင်းကိုပြောကြားခဲ့သည်။

မကြာသေးခင်က ONE Championship သည် ထင်ရှားကျော်ကြား လူကြိုက်များသော ကစားသမား Demetrious “Mighty Mouse” Johnsonနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ အသက် ၃၂နှစ်အရွယ် Johnson

သည် ကမ္ဘာ့ထိပ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ဦး ဖြစ်သည့်အပြင် ၎င်း၏ ထူးချွန်လှသော အရည်အသွေးများဖြင့် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အဖွဲ့အစည်းမှ ကျင်းပသော ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟူသော ဆုံးဖြတ်ချက်သည် နိုင်ငံတကာမှ စိတ်ဝင်စားစရာ ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ်ဖြစ်နေသည်။

 Johnson သည် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဟောင်း ရေဒီယိုအစီစဉ်တင်ဆက်သူ Brendan Schaub နှင့် ၎င်း၏ ONE အဖွဲ့အစည်းသို့ ဝင်ရောက်ရခြင်းအကြောင်းအရင်းများ၊ ယင်းကုမ္ပဏီအပေါ် ပထမဦးဆုံး ခံစားရသည့်အမြင်များ၊ ၎င်း၏ ဘဝစာမျက်နှာအသစ်ကို စတင်ရန် စိတ်လှုပ်ရှားနေမှုများ အစရှိသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အပြန်အလှန်ပြောဆိုခဲ့ကြသည်။  Schaub နှင့် Below the Belt podcast အစီအစဉ်တွေ့ဆုံမေးမြန်းခန်းတွင် Johnson သည် လက်ဝှေ့ကစားခြင်းကို

စွန့်လွှတ်ရန် ‘ငါးနှစ် ခြောက်နှစ်လောက် ကျန်ပါသေးသည်။’ ဟု ၎င်း၏ သစ္စာရှိပရိတ်သတ်များကို ဝမ်းသာပိတိဖြစ်စေမည့် သတင်းကိုပြောကြားခဲ့သည်။ ဆီယယ်တယ် (Seattle) မြို့သား ကစားသမား Johnson သည် အခမ်းနားဆုံးပြိုင်ပွဲကြီးများကျင်းပကာ

အားကစားသမိုင်းတွင် ထင်ရှားသည့် ကစားသမားများကို ဖော်ထုတ်ပေးသော အာရှ ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲများကို ကြည့်ရှုရင်း ကြီးပြင်းလာရာ ထိုအားကစားသည် Johnson အပေါ်အလွန်ပင် လွှမ်းမိုးလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် အောင်မြင်မှုများကို ရယူနိုင်ခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်များကို ရှာဖွေရင်ဆိုင်ရန် အချိန်တန်ပြီဟု Johnson က ယူဆသည်။ ကိုယ်ခံပညာသမိုင်းကြောင်း အစဉ်အလာကြီးမား၍

 စိတ်အားထက်သန်စွာ အားပေးတတ်သော ပရိတ်သတ်များရှိသော အာရှမြေသည် Johnson ကဲ့သို့ ကစားသမားများအတွက် အသင့်တော်ဆုံး နေရာတစ်ခုဖြစ်သည်။ 

“သစ်လွင်လန်းဆန်းတဲ့နေရာ၊ မတူညီတဲ့ စည်ကမ်းချက်တွေ၊ကွာခြားတဲ့ ဝိတ်တန်းမျိုးစုံရှိတဲ့ လုံးဝကွဲပြားတဲ့ နိုင်ငံကို စွန့်စားခန်းဖွင့်ကြရအောင်။” ဟုONE နှင့် စာချုပ်မချုပ်ဆိုခင် Johnsonက ၎င်း၏ ရင်တွင်းခံစားချက်များကို

 ပြောပြခဲ့သည်။“ကျွန်တော် ပြိုင်ပွဲဝင်ဖို့ ခရီးသွားတိုင်း ကိုယ်အလေးချိန်ကို အများကြီးချခဲ့ရလို့ လူကောင်မကြီးခဲ့ဘူး။ ဒါပေမယ့် အခုတော့ ကိုယ်အလေးချိန်အများကြီးချစရာမလိုတော့ဘူး။ ကျွန်တော့် နဂိုဝိတ်နဲ့ နီးစပ်တဲ့ ကစားသမားတွေနဲ့ ကစားရမှာဆိုတော့ စိတ်လှုပ်ရှားစရာပါပဲ။” ဟု ၎င်းကဆိုသည်။ 

ONE ၏ CEO နှင့် ဥက္ကဋ္ဌဖြစ်သူ Chatri Sityodtong သည် ဖလိုင်းဝိတ်တန်း ကစားပွဲများကို စင်္ကာပူအခြေစိုက်ပြိုင်ပွဲသို့ ယူဆောင်လာသော အဓိကပုဂ္ဂိုလ်ဖြစ်သည်။ “ကျွန်တော် သူ့လိုမျိုး ကိုယ်ခံပညာရပ်မှန်သမျှကို စိတ်ဝင်စားတဲ့သူ မတွေ့ဖူးသေးဘူး။ ONE

Championship ပြိုင်ပွဲတွေက ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားနည်းတွေသာမက kickboxing၊ မွေထိုင်းနှင့် နပန်းပညာရပ်တွေပါ ထည့်သွင်းထားတယ်။”ဟု Johnson က Sityodtong အကြောင်းကို ပြောစဉ် ထည့်သွင်းပြောကြားသွားသည်။ “ONE

က ကိုယ်ခံပညာရပ်ရဲ့ နှလုံးအိမ်ဆိုလည်း မမှားပါဘူး။” ဟု ၎င်းက ဆိုသည်။ 

ONE အဖွဲ့ဝင်သစ် Johnson သည် ONE ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကြည့်ရှုရန် ပြီးခဲ့သော နိုဝင်ဘာလ၏ အကောင်းဆုံးပွဲစဉ်ဖြစ်သည့်

ONE: HEART OF THE LION ပြိုင်ပွဲကြီးကျင်းပရာ စင်္ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၎င်းသည် ထိုပြိုင်ပွဲတွင် ကြုံတွေ့ခဲ့ရသည်များကို လွယ်လွယ်နှင့် မေ့ပစ်နိုင်တော့မည် မဟုတ်ချေ။ “မွေထိုုင်းကို MMA လက်အိတ်ဝတ်ပြီးကစားတာ အသစ်အဆန်ုးတစ်ခုဖြစ်နေတယ်။ Giorgio Petrosyan, “The Doctor”ရဲ့ ယှဉ်ပြိုင်မှုကို တိုက်ရိုက်ကြည့်ရှုရတာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။” “ပတ်ဝန်းကျင်အနေအထားကတင်ပဲ တော်တော် ထူးခြားနေတယ်။ ပွဲချိန်အတွင်းမှာလည်း တိတ်ဆိတ်မနေဘဲ သူတို့ရဲ့ နှလုံးခုန်သံတွေက ဗုံသံတွေလို ဆူညံနေတယ်။” ဟု ၎င်းက ဆိုသည်။ 

“သူတို့ဆီမှာ ကြံ့ခိုင်တောင့်တင်းတဲ့သူတွေ၊ အရည်အချင်းပြည့်ဝတဲ့သူတွေ၊ ထင်ရှားကျော်ကြားတဲ့သူတွေအများကြီးရှိနေတာ တကယ်အံ့သြဖို့ကောင်းတယ်။” ဟု Johnson က ပြောသည်။ Johnson ကို အားကစားသမားတွေကတင် လေးစားအားကျစေသည် မဟုတ်ပါ။ ဒေသခံပရိတ်သတ်များ၏ ဗဟုသုတပြည့်စုံမှုကလည်း ၎င်းကို သဘောကျစေသည်။ “သူတို့က

ဗဟုသုတပြည့်စုံကြတယ်။ တစ်သက်လုံး ကိုယ်ခံပညာပြိုင်ပွဲတွေ ကြည့်နေခဲ့ရတော့ သူတို့ အသွေးအသားထဲစိမ့်ဝင်နေပြီ။” ဟု Johnson က ပြောသည်။ ထိုခရီးစဉ်သည် ONE နှင့် စာချုပ်ချုပ်ဆိုလိုက်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု

 ဖြစ်သည်ဟု Johnsonကို  သက်သေပြလိိုက်ကာ ထို့ကြောင့်ပင် ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်ရန် စိတ်အားထက်သန်လျက်ရှိသည်။ 

“အဲ့ဒီနေ့ ပြိုင်ပွဲပြီးတော့ ကျွန်တာ်အတော်ဝမ်းသာသွားတယ်။ ကျွန်တော်ပွဲဦးထွက်ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေပါတယ်။ သူတို့တွေက အရမ်းတော်တယ်။ ကျွန်တော် အဲ့ဒီမှာ သွားရောက်ယှဉ်ပြိုင်ဖို့ အလွန်စိတ်လှုပ်ရှားနေပါပြီ။” ဟု

Johnson က ပြောသည်။ ကမ္ဘာတစ်ဝှမ်းမှာရှိသော ONE ပရိတ်သတ်များနျှင့် Johnson ၏ထင်မြင်ချက်များသည် ထပ်တူညီလျက်ရှိသည်။

 

Most Read

Most Recent