Kevin Chung ပြောပြသည့် အောင်လအန််ဆန်၏ အောင်မြင်မှုဘဝ

Kevin Chung ပြောပြသည့် အောင်လအန််ဆန်၏ အောင်မြင်မှုဘဝ
Photo : One Championship
Photo : One Championship
Published 18 December 2018

အောင်လသည်  ၂ နှစ်တာ အချိန်တိိုအတွင်း ကမ္ဘာ့အဆင့်ချန်ပီယံဆု ၂ ခု ရယူလိုက်နိုင်ခြင်းဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံးအားကစားသမားထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံလိုက်ရသည်။

Kevin Chung အနေနှင့် ဝိတ်တန်း ၂ ခု ကမ္ဘာ့ချန်ပီယံဆုရှင် အောင်လအန်ဆန်၏ ယခုအချိန်တွင်ရရှိနေသော အောင်မြင်မှုများသည် အထွဋ်အထိပ်မရောက်သေးဟု ယူဆသည်။ အောင်လအန်ဆန်၏ လေ့ကျင့်ဖက်ဖြစ်သော

Chung အဆိုအရ ၂၀၁၉ခုနှစ်သည် ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်အတွက် ယခင်နှစ်များထက် အောင်မြင်မှုများပိုမိုရရှိမည့်နှစ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေသည်။

မြန်မာကစားသမား အောင်လ၏ သိရခဲသော နေထိုင်မှုပုံစံ အတွင်းရေးကို Chung က ဤကဲ့သို့ ဖွင့်ဟသွားသည်။ “သူက မမောနိုင်မပန်းနိုင် လေ့ကျင့်တတ်တဲ့အကျင့်ရှိပြီး ကျန်းမာကြံ့ခိုင်နေဖို့ အမြဲတမ်းလေ့ကျင့် နေတတ်တယ်။” ဟု

Chung ကပြောသည်။ “သူရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ပွဲသိမ်းကစားကွက်တွေ တစ်ခုထက်တစ်ခု မယုံနိုင်လောက်အောင် ကောင်းလာတာကို တွေ့နိုင်မှာပါ။ သူက သိပ်ကြိုးစားသလို အလွန်တော်တဲ့သူတစ်ယောက်ပါ။ သူက မြေပြင်ကစားနည်းကို အချိန်ပေးလေ့ကျင့်တဲ့ ယခင်ကလေ့ကျင့်မှုပုံစံမျိုးနဲ့ လေ့ကျင့်တယ်။ Hardknocks 365 အားကစားရုံရဲ့ လေ့ကျင့်မှုစနစ်တွေနဲ့ ကိုယ်ခံပညာ နည်းစနစ်သင်ကြားပေးမှုများသည် အောင်လကို ပိုပြီးတိုးတက်စေခဲ့တယ်။” ဟု ၎င်းကဆိုသည်။

“သူက ကိုယ်ခံပညာသိုင်းပေါင်းစုံလောကမှာ လူငယ်မဟုတ်တော့ပေမယ့် နောက်နှစ်နဲ့ နောက်လာမည့်နှစ်တွေမျာလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးအောင်မြင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု Chung ကပြောသည်။

“သူကစားတဲ့ အားကစားရုံတစ်ခုလုံးမှာ သူနဲ့ ဝိတ်တန်းတူတဲ့သူတွေချည်းပဲ။ ပြီးတော့ သူတကယ့်ကို လေးစားအားကျရတဲ့ နည်းပြတစ်ယောက်လည်းရထားတော့ သူအားကစားသမားဘဝက တစ်နှစ်ထက်တစ်နှစ် ပိုတိုးတက်ကောငး်မွန်နေတော့မယ် ထင်တယ်။” ဟု ၎င်းကပြောသည်။ “ကျွန်တော် သူ့အတွက် တကယ်ဝမ်းသာပါတယ်”ဟုလည်း ထပ်မံပြောကြားခဲ့သည်။ အောင်လသည်  ၂ နှစ်တာ အချိန်တိိုအတွင်း ကမ္ဘာ့အဆင့်ချန်ပီယံဆု ၂ ခု ရယူလိုက်နိုင်ခြင်းဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံးအားကစားသမားထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံလိုက်ရသည်။

၂၀၁ရခုနှစ် နိုဝင်ဘာလတွင် ယှဉ်ပြိုင်ခဲ့သည့် ၎င်း၏ နောက်ဆုံးပြိုင်ပွဲကို မယှဉ်ပြိုင်မီ အောင်လနှင့် ၂ လတာ အတူလေ့ကျင့်ခဲ့သောChung က မြန်မာ့စပါးအုံး အောင်လသည် ရှေ့လျှောက် အောင်မြင်သွားရန်သာရှိသည်

 ဟု အခိုင်အမာပြောဆိုလျက်ရှိသည်။ “သူအခုထက်ပိုကောင်းလာနိုင်တယ်လို့ လုံးဝကို ယုံကြည်ပါတယ်” ဟု Chung ကပြောခဲ့သည်။

“သူကစားတဲ့ပွဲတွေကို ကြည့်ရင်ဖြစ်ဖြစ် သူ လက်ဝှေ့ကစားပုံတွေကို ကြည့်ရင်ဖြစ်ဖြစ် ပြိုင်ပွဲဝင်ကတည်းက တိုးတက်မှုတွေက မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်လာကို တွေ့နိုင်ပါတယ်။ ဒီလိုတိုးတက်မှုမျိုးက အသက် ၃၃-၃၄ နှစ်ရှိပြီဖြစ်တဲ့ အားကစားသမားတွေမှာ တွေ့ရခဲပါတယ်။” ဟု Chung က နိဂုံးချုပ် ပြောကြားခဲ့သည်။



 

Most Read

Most Recent