အီတလီစီးရီးအေပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 15 December 2018

အင်တာမီလန် နှင့် အူဒီးနီးစ် (စနေည ၁၁း၃၀ နာရီ)

ချန်ပီယံလိဂ်ခွဲခွာခန်းကို နာကျင်ဖွယ်ရင်ဆိုင်ခဲ့ရလို့ စီးရီးအေမှာ နောက်ထပ်ဒဏ်ရာထပ်ကြုံရအောင် အင်တာမီလန် ပေါ့ဆမယ်မထင်ဘူး။ ချန်ပီယံလိဂ်မှာ PSV၊ ဘာစီလိုနာတို့ကို (၂)ပွဲဆက် သရေကျခဲ့ပေမယ့် စီးရီးအေမှာတော့ အင်တာမီလန် အိမ်ကွင်း(၅)ပွဲဆက် အနိုင်ရထားပါတယ်။ အူဒီးနီးစ်ကလည်း ဒီရာသီမှာ အဝေးကွင်းအောင်ပွဲတစ်ပွဲသာရထားလို့ အင်တာမီလန် နိုင်ပွဲပြန်ရမယ်။ (၂)ဂိုးပြတ်ဖို့ များပါတယ်။ 

တိုရီနို နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

တူရင်ဒါဘီဟာ သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ တိုရီနိုနဲ့ ဂျူဗင်တပ်စ်အသင်းနှစ် သင်းကြား ထက်မြက်အရည်အသွေး၊ ကျော်ကြားမှုအရှိန်အဝါ ကွာခြားလွန်းနေပါပြီ။ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်က စီးရီးအေ မှာ ရပ်တန့်မရတဲ့အသင်းမျိုး၊ အဝေးကွင်းနောက်ဆုံး (၇)ပွဲဆက် အနိုင်ရထားပြီး (၁)ပွဲကို အနည်းဆုံး (၂)ဂိုး သွင်းယူထားနိုင် တယ်။ ဘူဖွန်မရှိတော့သလို၊ အဓိကခံစစ်ကစားသမားတွေ ရွှေအိုရောင်ကာလရောက်နေလို့ စိုးရိမ်ခဲ့ရတဲ့ ခံစစ်ပိုင်းကလည်း နောက်ဆုံး(၄)ပွဲဆက် ဂိုးမပေးထားရဘူး။ တိုရီနိုက အိမ်ကွင်းမှာ ခါးသီးတဲ့မြို့ခံပြိုင်ဘက်ကို ၂၀၁၅ ခုနှစ်နောက်ပိုင်း အနိုင်မရ ထားဘူး။ ဒီရာသီစီးရီးအေနောက်ဆုုံး (၁၀)ပွဲမှာ (၁)ပွဲသာရှုံးနိမ့်ထားပေမယ့် တိုက်စစ်ပိုင်းက ဂိုးသွင်းနှုန်းမတည်ငြိမ်ဘူး။ ဘယ် လော့တီက  အရင်လိုအားမာန်မျိုးမရှိတော့ဘူး။ တိုရီနို တစ်မှတ်ထက်ပိုပြီး မမျှော်လင့်သင့်ဘဲ ဂျူဗင်တပ်စ်ပဲ နိုင်ဦးမယ်ထင်တယ်။

Most Read

Most Recent