ဘွန်ဒစ်လီဂါပွဲစဉ်(၁၄) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၁၄) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 8 December 2018

ဘိုင်ယန်မြူးနစ် နှင့် နုရင်ဘတ် (စနေည ၉းဝ၀ နာရီ)

ဘိုင်ယန်အသင်းရဲ့တောင်ပံတိုက်စစ် အပြောင်းအလဲကို  အခုပွဲမှာ တွေ့မြင်ရဖို့ရှိပြီး နာဘရီ၊ ကိုးမန်းတို့ကို  ပွဲထုတ်လာဖို့ရှိတယ်။ အဝေးကွင်းဆိုရင် အသင်းကြီးတွေကို နုရင်ဘတ် ခံမကစားနိုင်လို့ ဘိုင်ယန်ကိုပဲ ရွေးချင်တယ်။

ရှော်လ်ကေး နှင့် ဒေါ့မွန် (စနေည ၉းဝ၀ နာရီ)

Ruhr Derby တစ်ဖြစ်လဲ Rivierderby ပွဲစဉ်က ဒီရာသီမှာ ပိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ လက်ရှိမှာ ဒေါ့မွန်က ဒီရာသီ ရှုံးပွဲမရှိသေးတဲ့အပြင် (၄)ပွဲဆက်တိုက် အနိုင်ကစားထားပြီး အကောင်းဆုံးပုံစံရရှိနေချိန်မှာ ရှော်လ်ကေးကတော့ တန်းဆင်းဇုန်နဲ့ဝေးအောင် ပြေးနေရတဲ့အနေအထားဖြစ်နေတယ်။ ဒါပေမဲ့ ဒါဘီပွဲစဉ်တွေမှာ ဒီအချက်က သက်ရောက်မှုနည်းသလို၊  နှစ်သင်းကြားမှာ ကစားသမားပိုင်းအင်အားကလည်း ကွာဟချက်သိပ်မရှိပါဘူး။ Rivierderby နောက်ဆုံးတွေ့ဆုံမှု(၅)ပွဲမှာ (၄)ပွဲအထိ သရေကျခဲ့တာကိုကြည့်ရင် ပြိုင်ဆိုင်မှုဘယ်လောက်ပြင်းထန်သလဲဆိုတာ သက်သေပြနေသလိုပါပဲ။ အဝေးကွင်းမှာ ဒေါ့မွန် နိုင်ပွဲဆက်နေမှု ရပ်တန့်သွားနိုင်တယ်။

လေဗာကူဆင် နှင့် အော့စ်ဘတ် (စနေည ၉းဝ၀ နာရီ)

လေဗာကူဆင်က အိမ်ကွင်းလည်း သိပ်မယုံကြည်ရပါဘူး။ အော့စ်ဘတ်ကလည်း (၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ထားတယ်။ လေဗာကူဆင် နိုင်ပွဲပြန်ရှာလိမ့်မယ်။

ဖရိုင်းဘတ် နှင့် လိုက်ပ်ဇစ် (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်အသင်း နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ (၁၂)ပွဲမှာ (၁)ပွဲပဲ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်တာတွေ လုပ်တတ်တဲ့ ဖရိုင်းဘတ်နဲ့ ပိုစွန့်စားချင်တယ်။

ဝုလ်ဖ်ဘတ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်၊ ဖရန့်ဖတ်တို့ကို အနိုင်ကစားပြီး ဝုလ်ဖ်ဘတ် လမ်းကြောင်းမှန်ပေါ်  ပြန်ရောက်လာတယ်။ ဟော်ဖန်ဟင်မ်တို့ အဝေးကွင်းမှာ အနိုင်ရဖို့မလွယ်ဘူး။

ဟာသာဘာလင် နှင့် ဖရန့်ဖတ် (စနေည ၁၂းဝ၀ နာရီ)

နိုင်ပွဲပြန်တွေ့တဲ့အသင်းနဲ့ ရှုံးပွဲပြန်တွေ့ထားတဲ့အသင်းအကြားမှာ စိတ်ဓာတ်ရေးရာပိုင်းမှာ ကွာခြားချက်ရှိပါတယ်။ ဟာသာဘာလင် အနိုင်နဲ့သရေပါပဲ။

 

 

 

 

Most Read

Most Recent