မြန်မာ့ကိုယ်ခံပညာကစားသမားများ လေးစားအားကျရသော လက်ဝှေ့ကျော်တစ်ဦး

မြန်မာ့ကိုယ်ခံပညာကစားသမားများ လေးစားအားကျရသော လက်ဝှေ့ကျော်တစ်ဦး
Photo : Tiger Ba Nyein Facebook
Photo : Tiger Ba Nyein Facebook
Published 3 December 2018

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း ကောလိပ်မှ နပန်းပညာရပ်၊ ရီယိုဒီဂျနရိုမြို့မှ ဘရာဇီး ဂျူဂျစ်ဆုပညာရပ်များကဲ့သို့ပင် မြန်မာ့ကိုယ်ခံပညာရပ်ဖြစ်သော လက်ဝှေ့သည်လည်း အရှေ့တောင်အာရှနိုင်ငံများမှ တက်သစ်စ အားကစားသမားများအတွက် အရေးကြီးသော အားကစားတစ်ရပ်ဖြစ်သည်။ 

အခြားသော ကိုယ်ခံပညာရပ်များကဲ့သို့ပင် လက်ဝှေ့ပညာရပ်တွင်လည်း သူရဲကောင်းများရှိခဲ့သည်။ သူရဲကောင်းများထဲမှ တစ်ဦးဖြစ်သည့် ကျားဘညိမ်းသည် ONE Championship ဖယ်သာဝိတ်ကစားသမား ဖိုးသော်ကဲ့သို့ပင် နိုင်ငံတကာပရိတ်သတ်ရှေ့တွင်ယှဉ်ပြိုင်ရသည့် ကိုယ်ခံပညာပြိုင်ပွဲများတွင် လက်ဝှေ့အိတ်မသုံးဘဲကစားသော မြန်မာ့လက်ဝှေ့ပညာစွမ်းရည်များကို ပြသနိုင်ခဲ့သူဖြစ်ကာ ရှေ့ဆောင်လမ်းပြပေးနိုင်ခဲ့သည့် ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်သည်။

ရှေးဟောင်းရိုးရာ ထိုးသတ်ကစားရသော လက်ဝှေ့ပညာရပ်ကို နိုင်ငံခြားသားများ စိတ်ဝင်စားမှုတိုးလာကာ လေ့ကျင့်သင်ယူကြပြီး နိုင်ငံတကာသတင်းဌာနများမှလည်း ထိုပညာရပ်ကို အကျယ်တဝင့်ဖော်ပြလာကြသည်။ ထိုကဲ့သို့ လက်ဝှေ့ပညာရပ်အပေါ် စိတ်ဝင်စားမှုတရှိန်ထိုးမြှင့်တက်လာမှုကို ကျားဘညိမ်းတစ်ယောက် မတွေ့မြင်နိုင်တော့ချေ။

ကျားဘညိမ်း ၁၉၈၀ ပြည့်နှစ်များမှ ပြိုင်ပွဲများကိုလည်း မမြင်တွေ့သွားရရှာပေ။ သို့သော် ၎င်း၏ လက်ဝှေ့ပညာကို စိတ်အားထက်သန်စွာ ပြန်လည်အသက်သွင်းမှုနှင့် ၎င်း၏ အားကစားသမားဘဝအောင်မြင်မှုများကြောင့် မြန်မာ့လက်ဝှေ့သမိုင်းတွင် ထင်ရှားသူတစ်ယောက်အဖြစ်အမှတ််ရနေစေသည်။ ကျားဘညိမ်းကို

မြန်မာနိုုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်နေချိန် ၁၉၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နေပြည်တော်မြို့ဟောင်း မန္တလေးမြို့နေ အစ္စလာမ်ဘာသာဝင်မိသားစုတစ်ခုမှ မွေးဖွားခဲ့သည်။ ၎င်းသည် ငယ်စဉ်ကတည်းက အနောက်တိုင်းလက်ဝှေ့ကစားနည်းကို သင်ယူခဲ့ပြီး၊ နိုင်ငံတော်အဆင့် ဆုတံဆိပ်ကို

အသက် ၁၃ နှစ် အရွယ်တွင် ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့သည်။ 

“ကျွန်တော့်အတွက်တော့ သူက သိပ်တော်တဲ့သူတစ်ယောက်ပါ။ ပညာရည်ပြည့်ဝသလို နှိမ့်ချတတ်တဲ့စိတ်ဓါတ်ရှိတယ်။” ဟု မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်မြို့ရှိ အကျော်ကြားဆုံးလက်ဝှေ့ရုံများထဲမှတစ်ခုအပါအဝင်ဖြစ်သော သတ္တိ လက်ဝှေ့ရုံပိုင်ရှင် အသက် ၅၉နှစ်အရွယ် ကစားသမားဟောင်း ဦးဝင်းဇင်ဦးက ဆိုသည်။

အရပ် ၅ ပေ ၄ လက်မအမြင့်ရှိပြီး ကိုယ်အလေးချိန်ပေါင် ၁၂၀ ရှိသော ကျားဘညိမ်းသည် ဒုတိယကမ္ဘာစစ်အပြီးတွင် ပန်းချီဆွဲခြင်းဖြင့် အသက်မွေးနေစဉ် မဟာမိတ်စစ်သားများနှင့် အပျော်တမ်းလက်ဝှေ့လေ့ကျင့်ခဲ့သည်။ ဒေသတွင်း ထင်ရှားသော လက်ဝှေ့ကစားသမားဖြစ်သူ ရဲအရာရှိတစ်ဦးက ကျားဘညိမ်းအား ကျားကစားနည်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ပုံဖြင့်ချိတ်ဆက်ကာ ပြိုင်ဘက်အပေါ် မည်သို့တိုက်ခိုက်ထိန်းချုပ်ရမည်ကို သင်ကြားပြသပေးခဲ့သည်။

ကျားဘညိမ်းသည် နိုင်ငံတကာပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိုလံပစ်ပွဲတွင် ၂ ကြိမ်ယှဉ်ပြိုင်ခဲ့သော အိန္ဒိယနိုင်ငံသား ဖယ်သာဝိတ်ချန်ပီယံ Benoy Bose ကို အနိုင်ရယူနိုင်ခြင်းအပါအဝင် အောင်နိုင်မှုဆုတံဆိပ်များ တသီတစ်တန်းဆွတ်ခူးနိုင်ခဲ့သည်။ 

၁၉၅၁ ခုနှစ် အိန္ဒိယ-မြန်မာပြိုင်ပွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းကသာ  အဓိက တွဲဆိုုင်း ၇ ခုကို အနိုင်ရရှိခဲ့ခြင်းကြောင့် မီဒီယာများက ကျားဘညိမ်းကို မြန်မာ့ဂုဏ်ဆောင်အားကစားသမားအဖြစ် ချီးကျူးပြောဆိုခဲ့ကြသည်။ နောက်တစ်နှစ်တွင် ၎င်းသည် ဖင်လန်နိုင်ငံတွင် ကျင်းပသည့် Summer

Olympics ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည်။

ထိုပြိုင်ပွဲတွင် ကျားဘညိမ်းသည် ကံမကောင်းအကြောင်းမလှစွာ ပထမအချီတွင်ပင် ပိုလန်လက်ဝှေ့ကစားသမားကို ရှုံးနိမ့်ခဲ့သော်လည်း၊ ၎င်းသည် မန္တလေးကို ပြန်ရောက်သောအခါ ရွှေကျားလက်ဝှေ့ရုံကို တည်ထောင်ကာ နိုင်ငံချန်ပီယံ ၁၀ ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အိမ်ခြေရာမဲ့ကလေးများကို လက်ဝှေ့ပညာအခမဲ့သင်ကြားပေးခဲ့သည်။ 

၁၉၅၄ ခုနှစ်၌ ကျားဘညိမ်းသည် အစိုးရအားကစားအဖွဲ့ချုပ်တွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့ကာ ၎င်း၏ လက်ဝှေ့အားကစားကို ပြန်လည်အသက်သွင်းရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခဲ့သည်။ သို့သော် သဲပြင်ကြိုးဝိုင်းနှင့် ဘောင်းဘီတိုပွပွဝတ််ဆင်ယှဉ်ပြိုင်ရသော ဤကျေးလက်ဆန်သောအားကစားသည် လူကုံထံအသိုင်းအဝိုင်းကြားတွင် မဝင်ဆန့်ချေ။ လက်ဝှေ့အားကစားကို လူသိများသည်ဖြစ်စေ လူသိမများသည်ဖြစ်စေ ကျားဘညိမ်းသည် ပွဲချိန် ၃ မိနစ် ၁၅ ချီစနစ်၊ တစ်ချီနှင့် တစ်ချီကြားထဲတွင် ၃ မိနစ်အနားပေးကာယှဉ်ပြိုင်ရသော ပြိုင်ပွဲစနစ်ကို မိတ်ဆက်ပေးခဲ့သည်။

“သူ့ကို ကစားသမားတွေက တော်တော်ကို လေးစားကြတယ်။ သူ့က ငွေကြေးချမ်းသာပြီး ပေးနိုင်ကမ်းနိုင်လို့ လေးစားတာမဟုတ်ဘဲ ရိုးရာအားကစားကို နိုင်ငံတကာစံဝင်အောင် ပေါင်းကူးတဲ့စနစ်တစ်ခုတည်ဆောက်ပေးခဲ့လို့ ဖြစ်ပါတယ်။” ဟု ဦးဝင်းဇင်ဦး က ပြောသည်။ ကျားဘညိမ်းသည် လက်ဝှေ့အားကစားမြစ်ဖျားခံရာ ထိုင်းနိုင်ငံအရှေ့ဘက်နယ်စပ်ကို သွားရောက်ကာ ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပမည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်မည့် ကစားသမားမျာရှာဖွေကာ စနစ်သစ်ဖြင့် လေ့ကျင့်ပေးခဲ့သည်။

၎င်းသည် ၁၉၅၆ ခုနှစ်တွင် ပြိုင်ပွဲများမှ အနားယူလိုက်သော်လည်း အပြည်ပြည်ဆိုင်ရာလက်ဝှေ့အဖွဲ့အစည်း (International Boxing Association) တွင် ဒိုင်အဖြစ်ဆောင်ရွက်ကာ လက်ဝှေ့အားကစားလောကကို တိုးတက်အောင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင်  ကစားသမားအယောက် ၁၀၀ နီးပါးကို ဘေကျင်းနှင့်ရှန်ဟိုင်းသို့ ခေါ်သွားကာ လက်ဝှေ့ကစားနည်းကို ပြသခဲ့သည်။ 

ကျားဘညိမ်းသည် ထင်ရှားသော ကျားထိုးကစားသမားတစ်ဦးလည်းဖြစ်သလို ၎င်း၏ ပထမဆုံးရေးသားသော ဝတ္ထု “သဲခင်းပေါ်မှ သွေးတစ်ကွက်”အပါအဝင် ဆောင်းပါး၊ဝတ္ထု အမြောက်အများရေးသားခဲ့သည်။ ကျားဘညိမ်းသည် ပထမဆုံး နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့ဟဲဗီးဝိတ်ချန်ပီယံများထဲမှတစ်ဦးဖြစ်သော မိုဟာမက်အလီ၏ အထ္တုပတ္တိစာအုပ်ကိုလည်း ဘာသာပြန်ဆိုခဲ့သည်။  

ကျားဘညိမ်းသည် ၁၉၇၀ ခုနှစ် ဇူလိုင်လ၊ ၈ ရက်နေ့တွင် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော်လည်း ၎င်း၏ အမည်သည် မြန်မာနိုင်ငံတွင် ပြောစမှတ်တွင်ကာ ထင်းရှားစွာကျန်ရှိနေဆဲပင်ဖြစ်သည်။

Most Read

Most Recent