Aussie Regis အတွက် အခွင့်အရေးကောင်းတစ်ခု ကွာလာလမ်ပူမြို့တွင် စောင့်ဆိုင်းလျက်ရှိနေ

Aussie Regis အတွက် အခွင့်အရေးကောင်းတစ်ခု ကွာလာလမ်ပူမြို့တွင် စောင့်ဆိုင်းလျက်ရှိနေ
Photo : One Championship
Photo : One Championship
Published 3 December 2018

Aussie Regis၏ ကစားသမားဘဝလမ်းကြောင်းတစ်လျောက်တွင် အကြီးမားဆုံးပြိုင်ပွဲတစ်ခုပင်ဖြစ်သည်။ Luis Regis သည် သြစတေးလျနိုင်ငံသား တက်သစ်စ လက်ဝှေ့သမားတစ််ဦးဖြစ်ကာ

 မွေထိုင်းလက်ဝှေ့ကစားသမားတစ်ဦးဖြစ်သော Yodsanklai IWE Fairtex နှင့်တွေ့ဆုံယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လာမည့် ဒီဇင်ဘာလ ရရက်၊ သောကြာနေ့တွင် မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူရှိ Axiata Arena မိုးလုုံလေလုံကစားကွင်းကြီးတွင်ကျင်းပသွားမည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်တွင်

 Regis သည် ကြိုးဝိုင်းအတွင်း Yodsanklai နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဆစ်ဒနေမြို့၊ SRG Thai Boxing Gym ရှိ ၎င်း၏အဖွဲ့သားများအဆိုအရ ယခုလာမည့်ပွဲသည် Regis အနေဖြင့် ကာလကြာရှည်စွာ စောင့်မျှော်ခဲ့ရသော ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

“Luis ရဲ့ ထိုးသတ်ခဲ့တဲ့ သက်တမ်းတလျောက်မှာ ဒီပွဲကအရေးကြီးဆုံးပွဲတစ်ခုဖြစ်လာမှာပါ။ သူဒီလောက် ပြင်းပြင်းထန်ထန်ကြိုးစားနေတာကိုလည်း အရင်က တခါမှမမြင်ခဲ့ဖူးဘူးလေ။” ဟု Regis ၏ Gym ပေ့ချ်တွင် ရေးသားထားသည်။

“Yodsanklai ဆိုတာ ထိုင်းရဲ့ မွေထိုင်းကစားသမားတွေထဲမှာ အကျော်ကြားဆုံးသူတစ်ယောက်ပါ။ သူက ထိပ်တိုက်တွေ့ဆုံရမယ့်သူတွေထဲမှာ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်လာမှာပါ၊”

Yodsanklai သည် ကမ္ဘာ့အကျော်ကြားဆုံးနှင့် အအောင်မြင်ဆုံး ထိုးနှက်ကွက်ဖြင့်ကစားတတ်သူများထဲမှ တစ်ယောက်ဖြစ်ပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မွေးဖွားခဲ့သော Yodsanklai သည် ကစားသမားဘဝတလျောက်တွင် မွေထိုင်းကစားသမားများစွာနှင့် ရင်ဆိုင်ခဲ့ဖူးကာ ပွဲပေါင်း ၂၀၀ နီးပါးကို အနိုင်ယူထားသူဖြစ်သည်။

ကစားသမားသက်တမ်းတလျောက် Lumpinee Stadium ကမ္ဘာ့ချန်ပီယံခါးပတ် ၃ ကြိမ်၊ Lion Fight ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ကြိမ်၊ WMC ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ကြိမ်၊ WBC ကမ္ဘာ့ချန်ပီယံခါးပတ် ၁ ကြိမ်အပါအဝင် ချန်ပီယံခါးပတ်အမြောက်အများကို ရယူပိုင်ဆိုင်ထားနိုင်ခဲ့သည်။ ONE Super Series ရှိ အကောင်းဆုံးကစားသမားများနှင့်ယှဉ်ပြိုင်ကာ မိမိ၏အရည်အသွေးကို စမ်းသပ်လိုသော ဆန္ဒကြောင့် ONE Championship သို့ ရောက်ရှိလာခဲ့ရာ ယခုအခါ ကိုယ်ခံပညာပြိုင်ပွဲနယ်ပယ်အတွင်း အပြင်းထန်ဆုံးပြိုင်ဆိုင်မှုများရှိသော ဤပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နေနိုင်ပြီဖြစ်သည်။

ဤအားကစားသမားကြီးသည် လာမည့် ONE Championship ပြိုင်ပွဲကြီးတွင် နိုင်ပွဲဆက်လက်ရယူနိုင်ရန် မျှော်လင့်လျက်ရှိသည်။ Regis သည် သြစတေးလျနိုင်ငံတွင် ပြိုင်ပွဲအများဆုံး ထိုးသတ်ထားသော မွေထိုင်းကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် ယှဉ်ပြိုင်ထိုးသတ်ရန် ခက်ခဲသော ကစားသမားတစ်ယောက်ဖြစ်ရုံသာမက မွေထိုင်းအားကစားသမားမျိုးဆက်သစ်များကို လေ့ကျင့်သင်ကြားပေးနေသော နည်းပြတစ်ဦးလည်း ဖြစ်သည်။

Regis သည် ၎င်း၏ ကစားသမားသက်တမ်းတစ်လျောက် IKBF Commonwealth ချန်ပီယံခါးပတ်၊ သြစတေးလျချန်ပီယံခါးပတ်၊ IKBF East Coast ချန်ပီယံခါးပတ်၊ NSW ချန်ပီယံခါးပတ်များအပါအဝင် မွေထိုင်းချန်ပီယံခါးပတ် အများအပြားပိုင်ဆိုင်ခဲ့သည်။

Regis သည် သူ၏ အဆင့်မြင့်ကစားကွက်နည်းစနစ်များကို အသုံးပြုလေ့ရှိပြီး အထူးသဖြင့် အားပြင်းထန်သော ထိုးနှက်ကွက် နည်းစနစ်များကို အသုံးပြုတတ်သည်။ သူသည် သြစတေးလျနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ မကြာခဏ

ကူးချည်သန်းချည် သွားလာ၍ မိမိ၏ ကိုယ်ခံပညာစွမ်းရည်ကို ပိုမိုတိုးတက်လာစေရန် လေ့လာသင်ယူလျက်ရှိသည်။

ONE: DESTINY OF CHAMPIONS ပွဲကြီးတွင် ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမားများစာရင်း

Yodsanklai IWE Fairtex နှင့် Luis Regis (ONE Super Series မွေထိုင်း – ဖယ်သာဝိတ်တန်း)

Agilan Thani နှင့် Kiamrian Abbasov (ကိုယ်ခံပညာသိုင်းပေါင်းစုံ – ဝယ်လ်တာဝိတ်တန်း)

Daichi Takenaka နှင့် Kevin Chung (ကိုယ်ခံပညာသိုင်းပေါင်းစုံ – ဘန်တန်ဝိတ်တန်း)

Yuki Niimura နှင့် Vitaly Bigdash (ကိုယ်ခံပညာသိုင်းပေါင်းစုံ – မစ်ဒယ်ဝိတ်တန်း)

Gianni Subba နှင့် Ma Hao Bin (ကိုယ်ခံပညာသိုင်းပေါင်းစုံ – ဖလိုင်းဝိတ်တန်း)

Petchmorrakot Wor. Sangprapai နှင့် Charlie Peters (ONE Super Series မွေထိုင်း – 68 ကီလိုတန်း ကတ်ချ်ဝိတ်တန်း)

Mei Yamaguchi နှင့် Jomary Torres (ကိုယ်ခံပညာသိုင်းပေါင်းစုံ – အတမ်ဝိတ်တန်း )

Jihin Radzuan နှင့် Jenny Huang (ကိုယ်ခံပညာသိုင်းပေါင်းစုံ – အတမ်ဝိတ်တန်း)

Abro Fernandes နှင့် Chan Rothana (ကိုယ်ခံပညာသိုင်းပေါင်းစုံ – ဖလိုင်းဝိတ်တန်း)

Savannah Em နှင့် Iryna Kyselova (ကိုယ်ခံပညာသိုင်းပေါင်းစုံ – ဖလိုင်းဝိတ်တန်း)

Mohammed Bin Mahmoud နှင့် Stergos Mikkios (ONE Super Series မွေထိုင်း – ဘန်တန်ဝိတ်တန်း)

Most Read

Most Recent