ONE Championship နောက်ကွယ်မှ လူတစ်ယောက် - ကိုယ်ခံပညာရပ်အပေါ် မြတ်နိုးမှုနှင့်အတူ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် ကုမ္ပဏီတစ်ခုကို ဘယ်လိုတည်ထောင်ခဲ့သလဲ

ONE Championship နောက်ကွယ်မှ လူတစ်ယောက် - ကိုယ်ခံပညာရပ်အပေါ် မြတ်နိုးမှုနှင့်အတူ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် ကုမ္ပဏီတစ်ခုကို ဘယ်လိုတည်ထောင်ခဲ့သလဲ
Published 1 December 2018

အာရှလူနေမှုဝန်းကျင်သည် ထူးချွန်မှု၊ အောင်မြင်မှုတို့ကို အထူးအလေးထားသကဲ့သို့ စီးပွားရေးလောကတွင်လည်း အလားတူပင် အလေးထားကြသည်။ လူအများစုသည် အောင်မြင်မှု၏နောက်ကွယ်က စိုက်ထုတ်လိုုက်ရသောအင်အားနှင့် အလုပ်ကြိုးစားရမှုတို့ကို တွေးမြင်ကြလေ့မရှိပါ။  အောင်မြင်မှုဆိုသည်မှာ လွယ်လွယ်ကူကူ ရရှိနို်င်သောအရာမဟုတ်သည်ကို ကိုယ်ထူးကိုယ်ချွန် သန်းကြွယ်သူဌေး Chatri Sityodtong က သက်သေပြနေပါသည်။ အားကျအတုယူဖွယ်ကောင်းသော ONE Championship ကို တည်ထောင်သူ ဥက္ကဋ္ဌ CEO ဖြစ်သူနှင့် စကားပြောခွင့်ရရှိခဲ့ကာ ယနေ့အောင်မြင််မှုရရှိသော ပုဂ္ဂိုလ်ဖြစ်လာရန် နှစ်ပေါင်းများစွာ  မည်သို့ကြိုးစားရုန်းကန်ခဲ့ရပုံ၊ ရှုံးနိမ့်မှုများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပုံကို မေးမြန်းခွင့်ရရှိခဲ့ပါသည်။

■ တစ်နေ့တာအသုံးစားရိတ် အမေရိကန် ၄ ဒေါ်လာနှင့် Harvard က နေ့ရက်များ

ဂျပန်နိုင်ငံသူ မိခင်နှင့် ထိုင်းနိုင်ငံသား ဖခင်တို့မှ မွေးဖွားသော Chatri သည် ဘန်ကောက်ရှိ Lumpinee အားကစားရုံတွင် ကျင်းပသောထိုးသတ်ပွဲများကို ကြည့်ရှုရင်းမှ မွေထိုင်းလက်ဝှေ့ကို သဘောကျနှစ်ခြိုက်လာခဲ့သည်။ ငယ်စဉ်က နာမည်ကြီးသော Sityodtong လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခဲ့ရဖူးသည်။ သူ၏ဖခင်သည် ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ကာ၊ ၁၉၈ဝပြည့်နှစ်တွင် အိမ်ခြံမြေအေဂျင်စီတစ်ခုထူထောင်ခဲ့သောကြောင့် မိသားစုစီးပွားရေး

အဆင်ပြေလာခဲ့သည်ဟု Chatri က ၂၀၁ရခုနှစ်က Straits Times သတင်းစာကို ပြောကြားခဲ့ဖူးသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွင်မူ စီးပွားပျက်ကပ်ကြောင့် မိသားစုစီးပွားရေး အားလုံးဆုံးရှုံးခဲ့ရကာ၊ Chatri ၏ ဖခင်သည် မိသားစုစားဝတ်နေရေးအတွက် လမ်းပေါ်တွင် သရက်သီးရောင်းခဲ့ရသည်။ 

မိသားစုစားဝတ်နေရေး အလွန်ကျပ်တည်းလာသောကြောင့့် Chatri ၏ ဖခင်သည် ဇနီးနှင့် သား ၂ ယောက်ကိုစွန့်ပစ်သွားသောအချိန်တွင်မူ ဘဝကို ကိုယ်တိုင်ရုန်းကန််ခဲ့ရသည်။ ထိုအချိန်က

Chatri သည် Tufts တက္ကသိုလ်မှ စီးပွားရေးဘာသာ BA ဘွဲ့နှင့်ကျောင်းပြီးကာ အမေရိကမှပြန်ရောက်လာချိန်ဖြစ်သည်။ သို့သော် Chatri ၏ မိခင်ကမူ သားကို  Harvard စီးပွားရေးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူရေးအတွက် အမေရိကနိုင်ငံသို့ ပြန်သွားရန် တိုက်တွန်းခဲ့သည်။ “ကျွန်တော့်မိဘတွေက ကျွန်တော့်ကို သားအကြီးဆုံးအနေနဲ့ မိသားစုကို ဆင်းရဲတွင်းကဆွဲထုတ်ပေးသင့်တယ်လို့ ပြစ်တင်ပြောဆိုကြတယ်။ ပြီးတော့ ကျွန်တော့်အမေက Harvard ကိုသွားတာ အကောင်းဆုံးနည်းလမ်းပဲလို့ တွေးခဲ့တယ်။ ကျွန်တော်ကတော့ ကျောင်းစရိတ်မရှိတဲ့အတွက် တက်နိုင်မယ်မထင်လို့ သွားရမှာ အရမ်းကြောက်နေခဲ့တယ်” ဟု Chatri က ၂၀၁၃ ခုနှစ်အတွင်း Peak မဂ္ဂဇင်းကို ပြောပြခဲ့ပါသည်။

Chatri သည် ပညာတော်သင်ဆုကို အရယူနိုင်ခဲ့သော်လည်း၊ အနီးအနားရှိ ကိုရီးယား စားသောက်ဆိုင်လေးတွင် ၃.၂၅ ဒေါ်လာသာကျသင့်သည့် နေ့လည်စာကို တစ်နေ့တာလုံးအတွက် တစ်နပ်သာစားသောက်ကာ တစ်နေ့ကို ၄ ဒေါ်လာဖြင့့် ရပ်တည်ခဲ့ရသည်။ Chatri ၏မိခင်သည်လည်း နေထိုင်စားရိတ်လျှော့ချရန် ၎င်း၏ အဆောင်အတွင်း တိတ်တဆိတ်ပုန်းလျှိုကာ နေထိုင်ခဲ့ရသည်။ Chatriသည် မွေထိုင်းသင်ကြားပေးခြင်း၊ တရုတ်အစားစာပို့ဆောင်ပေးခြင်းအစရှိသည့် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရသည်။ ကျောင်းနှင့်အခြားသောအစည်းအဝေးပွဲများသွားလျှင် အများသုံးပို့ဆောင်ရေးယာဉ်များကိုပင်မစီးဘဲ ကုန်ကျစားရိတ်ချွေတာရန် လမ်းသာလျှောက်ခဲ့သည်။ ထိုအချိန်က

ငွေကြေးကျပ်တည်းခဲ့သော်လည်း၊ Harvard ကနေ့ရက်များသည်  ၎င်းကို အနာဂတ်အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးခဲ့သည်။

■ Silicon Valley မှ Wall Street သို့

“စီးပွာရေးတက္ကသိုလ် ဒုတိယနှစ်မှာ ကျွန်တော်အရမ်းကံကောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ အဖော်တွေက ကျွန်တေ့ာ်လို ဒုတိယနှစ်ကျောင်းသားတွေပါပဲ။ Soon Loo က ကျွန်တော်ဘဝရဲ့ အကောင်းဆုံးသူငယ်ချင်းထဲက တစ်ယောက်ပါ” ဟု Chatri က စင်္ကာပူနိုင်ငံ၏ အလယ်ဗဟိုနေရာတွင်တည်ရှိနေသော ၎င်း၏ ရုံးခန်းတွင် အလာပသလာပပြောရင်း ကျွန်တော်ကို ပြောပြခဲ့သည်။ “သူက ‘Chatri ကုမ္ပဏီထောင်ရအောင်’ လို့ ပြောတော့ ကျွန်တော်က ‘မဖြစ်ဘူး။ ငါမတတ်နို်င်ဘူး။ ငါကဆင်းရဲတယ်။ ငါအလုပ်ကို အာရုံစိုက်ရမယ်’ လို့ပြောခဲ့တယ်။ ဒါပေမယ့် သူက ဇွဲကောင်းကောင်းနဲ့ ‘Chatri ငါ မင်းကို ကုမ္ပဏီမှာပါစေချင်တယ်’ လို့ပြောတယ်။” ဟု ၄၇ နှစ်အရွယ်ရှိပြီဖြစ်သည့် CEO

ဖြစ်နေပြီဖြစ်သည့် Chatri က အတိတ်ကိုအောက်မေ့ကာ ပြန်ပြောပြသည်။ Chatri ၏ မိခင်အနေဖြင့်မူ ၎င်း၏ဖခင်ကဲ့သို့ပင် Chatri ကျရှုံးမည်ကို စိုးရိမ်သည့်အတွက် ထိုအကြံအစည်ကို သဘောကျခြင်းမရှိခဲ့ပေ။

Chatri ၏ မိခင်သည် ရူးမိုက်သော အစီအစဉ်ဟု တွေးကာ ကြောက်ရွံ့ခဲ့သော်လည်း၊ Chatri က စီးပွားရေးတစ်ခုစတင်ရန် အမှန်တကယ် ဆန္ဒရှိနေသည်ဟု အခို်င်အမာပြောနေသည့်အတွက် နောက်ဆုံးတွင် သဘောတူလိုက်ရသည်။

Chatri ပြောပြချက်အရ ၎င်းနှင့် Soon Loo သည် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ရင်းနှီးမြှုပ်နှံကာ The Peak က “eBay ဝန်ဆောင်မှု”ဟု မှတ်ချက်ပြုခြင်းခံရသည့် Next Door Solutions ဆော့ဖ်ဝဲလ် ကုမ္ပဏီကို ထူထောင်ခဲ့သည်။

ထိုနှစ်တွင်းမှာပင် ၎င်းတို့ ၂ယောက်သည် Harvard ၏ အစည်းအဝေးတစ်ခု၌ ကံကောင်းထောက်မစွာဖြင့် ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့်အမှတ်မထင်တွေ့ဆုံခဲ့ရာ ၎င်းတို့၏ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ ၅သိန်း ရင်းနှီးမြှုပ်နှံမှုရရှိခဲ့ကြောင်း Chatri က ဆိုပါသည်။ ဤနည်းဖြင့်ပင် ၂၇ နှစ်အရွယ် စီးပွားရေးဘွဲ့ကြိုကျောင်းသားတစ်ဦးသည် ဆော့ဖ်ဝဲလ်ကုမ္ပဏီ၏ တွဲဖက်တည်ထောင်သူ တစ်ယောက်ဖြစ်လာခဲ့သည်။ ကျွန်တော်က

 Chatri ကို မည်သို့ခံစားခဲ့ကြောင်းမေးမြန်းသောအခါ ၎င်းက “မယုံနိုင်စရာပဲ ဟုတ်တယ်မလား” ဟု ရွှင်ပျစွာ ပြောခဲ့သည်။ “ဘာလို့လဲဆိုတော့ ကျွန်တော်နေ့စဉ်ဘဝမှာ တစ်ရက်ကို ၄ ဒေါ်လာပဲသုံးနိုင်တယ်။ တစ်နေ့ ထမင်းတစ်နပ်ပဲစားနိုင်တယ်။ ပြီးတော့ ကျွန်တော်အမေက ကျွန်တော့် အဆောင်မှာနေရတယ်။ တခြားတစ်ဖက်မှာလည်း အခု ဘရူနိုင်း EDB မှာ CEO ဖြစ်နေတဲ့ အရူး Soon Loo က ‘ဟေ့ကောင် ငါတို့ လုပ်ကြမယ်’ လို့ပြောမယ်ဆိုတာ သိနေတယ်။”

 ဟု Chatri က ပြောသည်။ “အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ မတည်ငွေအဖြစ် ဒေါ်လာတစ်သန်းရဲ့တစ်ဝက်ရခဲ့တာဟာ အရမ်းကို အံ့အားသင့်စရာကောင်းပါတယ်။ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ဒေါ်လာတစ်သန်းရဲ့ တစ်ဝက်ပေးလိမ့်မယ်ဆိုတာ လုံးဝမယုံကြည်နိုင်ခဲ့့ဘူး”။ ၁၉၉၉ ခုနှစ်တွင် MBA ဘွဲ့ရပြီးနောက် Chatri သည် ကုမ္ပဏီကို စတင်လည်ပတ်ရန် Silicon Valley သို့ ပြောင်းရွေ့နေထိုင်ခဲ့ရာ ၎င်း၏မိခင်ကိုပါ တပါတည်းခေါ်ဆောင်သွားခဲ့သည်။

Chatri သည် ရုံးခန်းငယ်လေးတစ်ခု ငှားရမ်းကာ စျေးပေါသော စားပွဲများဖြင့် ရုံးခန်းကို ပြင်ဆင်ခဲ့သည်။ ထိုရုံးခန်းသည် နေ့ဘက်တွင် လူရှစ်ယောက်၏ ရုံးခန်းအဖြစ်ရှိနေကာ ရုံးချိန်အပြီးတွင်မူ ၎င်းအတွက် အိမ်ဖြစ်ခဲ့သည်။ “ကျွန်တော်

 အိပ်ရာတောင် မဝယ်နိုင်ခဲ့ဘူး။ ညဘက် အကုန်လုံး ပြန်သွားပြီဆိုရင် ကျွန်တော့်အမေနဲ့ ကျွန်တော် ရုံးခန်းကြမ်းပြင်ပေါ်မှာပဲ ညအိပ်တဲ့ အိတ်ထဲကို ဝင်အိပ်ခဲ့ရတယ်”။ “အဲ့ဒီတုန်းက

 ကျွန်တော်တို့ စီးပွားရေးအစီအစဉ်တွေကို သေချာမသိခဲ့ပေမယ့် စီးပွားရေးတက္ကသိုလ်မှာ အရမ်းကို ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ တက္ကသိုလ်ပြီးတော့ တစိုက်မတ်မတ်လုပ်ခဲ့တယ်။”

“ကျွန်တော်တို့ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၈ သန်းလောက်ရခဲ့ပြီး လူ ၁၅၀ လောက်ကို အလုပ်ခန့်နိုင်ခဲ့တယ်။ ဒါပေမယ့် နောက်တော့ ကျွန်တော်တို့ ကုမ္ပဏီကို ရောင်းချခဲ့တယ်။” ဟု Chatri က ပြောပြသည်။

Chatri သည် အသက် ၃၀ တွင် သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့သော်လည်း အလုပ်မှ အနားယူရန် မတွေးခဲ့ပါ။ အရွယ်ရလာသောအခါ Chatri သည် ကိုယ်ခံပညာ၊ စွန့်ဦးတီထွင်မှုနှင့် စတော့ရှယ်ရာစျေးကွက်ကစားခြင်းတို့တွင်  လွန်စွာ စိတ်အားထက်သန်လာခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တွေးကြည့်တယ် ‘ကြည့် ငါအခုဆင်းရဲတွင်းက လွတ်ပြီ။’ ဒါပေမယ့် ကျွန်တော်တစ်သက်လုံးအတွက် အနားယူပြီးနေလို့ရလောက်အောင် မလုံလောက်သေးဘူး။” ဟု ထပ်မံပြောကြားခဲ့သည်။ “ဒါဆို

 ငါဘာလုပ်နိုင်မလဲ။ ငါ စတော့ရှယ်ရာစျေးကွက်ကို သဘောကျတယ်။ Wall Street ကို သွားပြီး ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲဆိုတာကို အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဆိုင်ရာပညာရှင်တွေဆီကနေ သင်ယူမယ်ပေါ့။” ဟု ကြံစည်ခဲ့ကြောင်း ပြောပြသည်။

Chatri အနေဖြင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုငွေကြေး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကိုစီမံခန့်ခွဲရသည့် Maverick Capital ၏ စီမံခန့််ခွဲမှုဒါရိုက်တာအဖြစ် ခန့််အပ်ခြင်းခံရသည့်အတွက် မိမိကိုယ်ကို ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ “နောက်တော့

 ကျွန်တေ့ာ်ကိိုယ်ပိုင် ရင်းနှီးငွေ အမေရိကန််ဒေါ်လာ သန်း ၅၀၀ နဲ့ ကမ္ဘာ့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကုမ္ပဏီတွေကို ဝယ်လိိုက်ရောင်းလိုက် လုပ်ခဲ့တယ်။ ”Chatri

 သည် အသက် ၃၂ နှစ်အရွယ်တွင် သန်းကြွယ်သူဋ္ဌေးဖြစ်နေပြီးဖြစ်သောကြောင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပညာရှင်ဘဝမှ အနားယူလိုက်ချိန်တွင် ဘဝအတွက်အခြေကျနေခဲ့ပြီဟု ဆိုသည်။ ၎င်းသည် အသက် ၃၇ နှစ်အရွယ်တွင် Wall Street ကို စွန့်ခွာခဲ့သည်။

သို့သော် ၎င်း၏ စိတ်ဝိညာဉ်အတွက်မူ တစ်စုံတစ်ရာ လိုအပ်နေသေးသည်ဟု ခံစားနေရသေးသည်ဟု The CEO မဂ္ဂဇင်း နှင့် တွေ့ဆုံမေမြန်းခန်းတွင် ပြောပြသည်။ “ပိုက်ဆံအများကြီးရှာနိုင်တာဟာ

 ပျော်ရွှင်မှုရဲ့ အဖြေပဲလို့ ရိုးစင်းစွာတွေးခဲ့မိတယ်။” ၎င်း၏ ကုမ္ပဏီ Izara Capital Management သည် တစ်နှစ်တာအတွင်း အကောင်းဆုံးလည်ပတ်နိုင်ခဲ့ပြီး အမြတ်အစွန်းများစွာရခဲ့သည်ဟု Chatri က နယူးယောက်မြို့တစ်နေရာ ဆူရှီဆိုင်တစ်ခုတွင် ထိုင်နေရင်း ပြန်ပြောင်းပြောပြခဲ့သည်။ ငွေကြေးရှာဖွေနိုင်ရန်သာ ကြိုးစားခြင်းသည် စိတ်ချမ်းသာမှုပေးစွမ်းနိုင်ပါသလားဟု Chatri က မေးခွန်းထုတ်ခဲ့သည်။ ထိုသို့နှင့် ၎င်းအလွန်နှစ်သက်သည့် ကိုယ်ခံပညာအားကစားဘက်သို့ ခြေဦးလှည့်ခဲ့သည်။

တစ်ကြော့ပြန် စွန့်ဦးတီထွင်သူဘဝသို့

Chatriသည် Silicon Valley တွင် ရုန်းကန်ခဲ့ရစဉ်က စွန့်ဦးတီထွင်မှုကို စိတ်အားထက်သန်သော်လည်း အင်ဂျင်နီယာပိုင်းနှင့် နည်းပညာပိုင်းတို့တွင် စိတ်ဝင်စားမှု သိပ်မရှိခဲ့ကြောင်းပြောပြသည်။ သို့သော် ၎င်းသည် ကုန်ပစ္စည်းတီထွင်ထုတ်လုပ်မှုနှင့် စျေးကွက်ရှာဖွေမှုတို့ကို အလွန်စိတ်ဝင်စားမှုရှိကြောင်း သိရှိလာခဲ့သည်။ ''Silicon Valley ကနေရခဲ့တဲ့ အကြီးမားဆုံး အကျိုးရလဒ်က ကုန်ပစ္စည်းထုတ်လုပ်သူပိုင်ရှင်တစ်ယောက်လို ဘယ််လိုတွေးရမလဲ၊ ပြီးတော့ စားသုံးသူတွေဘက်က ဘယ်လိုတွေးတတ်တယ်ဆိုတာတွေကို သင်ယူနိုင်ခဲ့ပါတယ်။ နောက်တစ်ချက်က လုပ်ငန်းကို ဘယ်လိုအစပျိုးပြီး ပိုက်ဆံဘယ်လိိုရှာရမလဲဆိုတာပါ လေ့လာနိုင်ခဲ့တယ်''။ ၂၀၁၁

 ခုနှစ်တွင် Chatri သည် ၎င်း၏စီးပွားရေးအတွေးအမြင်သစ်များကိိုအသုံးပြုကာ ONE Championship ကို စတင်တည်ထောင်ခဲ့သည်။

“နည်း်ပညာဟာ ONE Championship ရဲ့ အဓိကအခန်းကဏ္ဍကနေပါဝင်တယ်။ Silicon Valley က အတွေ့အကြုံတွေသာမရှိခဲ့ဘူးဆိုရင် ကျွန်တော် ဒီနေရာမှာ အသေအချာ အသုံးချနိုင်မှာမဟုတ်ပါဘူး။” ဟု အတိတ်ကို ပြန်ပြောင်းပြောပြခဲ့ပါသည်။

ကိုယ်ခံပညာဆိုသည်မှာ ကြမ်းတမ်းခက်ထန်စွာ တိုက်ခိုက်ခြင်းဟူ၏ အမြင်မှားခံနေရသဖြင့် Chatri က ထိုမှားယွင်းသောအမြင်ကို ONE Championship ပြိုင်ပွဲများမှ တစ်ဆင့် ပြောင်းလဲပေးလိုသည်။

ကိုယ်ခံပညာရပ်သည် အာရှ၏အရှိန််အဝါအကြီးမားဆုံး ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်။ ၎င်းပညာရပ်သည် ကမ္ဘာပေါ်တွင် နှစ်ပေါင်း ၅၀၀၀ ကြာသည်အထိ တည်ရှိနေခဲ့သည့် အဖိုးတန်ရိုးရာယဉ်ကျေးမှုသမိုင်းအမွေအနှစ်၏ အစိတ်အပိုင်းဖြစ်သည်။

“ဒါပေမယ့် ကိုယ်ခံပညာနဲ့ပတ်သက်ပြီး လူတွေ နားမလည်ကြတာက ကိုယ်ခံပညာကစားသမားတွေဟာ နာရီပေါင်းထောင်ပေါင်းများစွာ လေ့ကျင့်ပြီးမှ ကြံ့ခိုင်တဲ့သူရဲကောင်းစိတ်ဓာတ်မျိုးတွေဖြစ်တဲ့ ရိုးသားဖြောင့်မတ်မှု၊ လူသားဆန်မှု၊ ဂုဏ်သိက္ခာရှိမှု၊ မိမိကိုယ်ကိုလေးစားမှု၊ ရဲစွမ်းသတ္တိ၊ စည်းကမ်းရှိမှုနဲ့ စာနာမှုတွေ မွေးမြူနိုင်တာဖြစ်တယ်ဆိုတာပါ။ ဒါတွေဟာ အာရှကလူတွေ တန်ဖိုးထားတဲ့ လူကျင့်ဝတ်ရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်။”

“ကိုယ်ခံပညာသာ မတတ်ခဲ့ဘူးဆိုရင် ကျွန်တေ်ာဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ခံပညာရပ်က ဘဝကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်တဲ့ သူရဲကောင်းစိတ်ဓါတ်မျိုးရှိလာစေတဲ့အပြင် ဘဝမှာ မှန်မှန်ကန်ကန်နေထိုင်နိုင်ဖို့ ထိန်းကျောင်းပေးခဲ့တယ်။” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ကိုယ်ခံပညာရပ်သည် Chatri ဆင်းရဲတွင်းနက်စဉ်က အတူရှိနေခဲ့သလို၊ အချမ်းသာဆုံးဘဝရရှိလာသောအခါတွင်လည်း အမြဲရှိနေခဲ့သည်။ ထို့ကြောင့် ၎င်းသည် မည်မျှအလုပ်များများ ကိုယ်ခံပညာကို တစ်နေ့တစ်နာရီခန့် အချိန်ပေးလေ့ကျင့်လေ့ရှိသည်။

■ ၇ ကြိမ်လဲကျလျှင် ၈ ကြိမ်ပြန်ထပါ

Chatri သည် ၎င်းလူငယ်ဘဝတွင် ကြုံတွေ့ခဲ့ရသည့် အခြားသော ကျရှုံးမှုများအကြောင်းလည်း ပြောပြခဲ့ပါသည်။ Chatri က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ ခေါ်တွေ့ခံရခြင်းအကြောင်း၊ တက္ကသိုလ်တက်စဉ်က အပျော်အပျက် စနောက်ရင်း ရဲမှုခင်းတွေကပါ စစ်ဆေးခံခဲ့ရပုံများ၊ မိန်းကလေးများကို လိုက်ပိုးပန်းနေ၍ ကျောင်းစာတွင် လစ်ဟင်းခဲ့သည့်အကြောင်းများကိုလည်း မျှဝေခဲ့သည်။ Chatriသည် ONE Championship ကို စတင်တည်ထောင်ရန် ရည်ရွယ်ချိန်တွင် ၎င်း၏မိခင်သည် ထပ်မံစိုးရိမ်ခဲ့ရပြန်သည်။ “ဒီတစ်ခါတော့ သူက ကျွန်တော်ကျရှုံးမှာ စိုးရိမ်လို့တော့ မဟုတ်ပေမယ့် ဒီအကြံအစည်က မိုက်ရူးရဲဆန်တယ်လို့ သူတွေးတယ်။” ဟု ပွင့်လင်းစွာ ရယ်မောရင်း ပြောကြားခဲ့သည်။

She’s a conservative Japanese lady, and loved the image of her son being a managing director who sees over $500 million global hedge funds on Wall Street. It ticked all the right boxes: Harvard and Wall Street and prestigious. Chatri ၏မိခင်သည် ရှေးရိုးဆန်သော ဂျပန်အမျိုးသမီးတစ်ဦးဖြစ်ကာ၊ Wall Street တွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုငွေကြေး ဒေါ်လာသန််း ၅၀၀ ကျော်ကို စီမံခန့်ခွဲရသည့် Managing Director တစ်ယောက်အဖြစ် ၎င်း၏ သားကို မြင်တွေ့ရသည်ကို နှစ်သက်သည်။ Harvard ၊ Wall Street နှင့် ဂုဏ်သရေရှိခြင်းတို့သည် ထိုဘဝတွင် ရှိသည်။ ၎င်း၏ မိခင် စိုးရိမ်ခဲ့သလိုပင် ONE Championship သည် အစပိုင်းတွင် အရှုံးပေါ်ခဲ့ဖူးသည်။ 

ONE Championship ရဲ့ ပထမဦးဆုံး ၃ နှစ်က သိပ်ကိုခက်ခဲခဲ့တယ်။ ကျွန်တော် ကြိမ်ဖန်များစွာ ငြင်းဆန်ခံခဲ့ရတယ်။ ကြိမ်ဖန်များစွာ ကျရှုံးခဲ့တယ်။ ထိုအချိန်က ONE Championship ၏ ရည်မှန်းချက်ကို လူအများက နားမလည်ခဲ့ကြကြောင်း ၎င်းက ပြောပြခဲ့သည်။ ထို့ကြောင့်လည်း ရုပ်သံလွှင့်သူများ၊ ကုန်ပစ္စည်းကုမ္ပဏီများ၊ ကြော်ငြာရှင်များအပြင် ဝန််ထမ်းဖြစ်လာနိုင်မည့်သူများကပါ Chatri ကို ငြင်းပယ်ခဲ့သည်။ “သုံးနှစ်ပြီးတဲ့နောက်

 ကျွန်တော့်အမေကို ဖုန်းဆက်ပြောတာ သတိရသေးတယ်။ ‘မေမေ စီးပွားရေးက သိပ်မကောင်းဘူး။’ လို့ပြောတော့ သူက ‘တွေ့လား။ ငါ နင့်ကိုပြောသားပဲ။’တဲ့” ဟု Chatri က ရယ်မော၍ပြောသည်။

“ကျွန်တော်တို့ စကားနည်းနည်းဆက်ပြောပြီးတော့ သူက ‘Chatri မင်း အလုပ်ကို ရပ်လိုက်ပါတော့လား။’တဲ့” “သေချာတာပေါ့။ ‘ငါ ရပ်လိုက်သင့်လား။’ ဆိိုတဲ့အတွေးက ကျွန်တော်အတွေးထဲကို ရောက်လာတယ်။ ဘာလို့လဲဆိုတော့ ဘာတစ်ခုမှ ဖြစ်မြောက်လာတာမရှိဘူးလေ။” သို့သော် ၎င်းအတွက် လက်မလျှော့ခဲ့ခြင်းသည် ကောင်းသောကိစ္စရပ်တစ်ခုဖြစ်သည်။ ၎င်းမိခင်၏ စကားများကြောင့် မခံချင်စိတ်ဖြစ်လာကာ မဖြစ်ဖြစ်အောင်လုပ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုအချိန်မှစ၍ ONE Championship လူမှုကွန်ယက်၏ ဗီဒီယိုကြည့်ရှုသူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၃ သိန်းခန့်သာရှိနေရာမှ ၂၀၁၈ ခုနှစ်တွင် ၄ ဘီလျံနီးပါးရှိလာခဲ့သည်။ “Joseph

 Schooling လိုပေါ့၊ အစတုန််းက စင်္ကာပူမှာ ဘယ်သူကမှ ရေကူးတာကိိုု စိတ်မဝင်စားခဲ့ဘူး။ ဒါပေမယ့် သူ ရွှေတံဆိပ်ဆုရလာတော့ သူ ၁၄ နှစ်အရွယ်မှာ သူမိဘတွေက အိမ်ပေါင်ပြီး အမေရိကကို ပညာတော်သင်လွှတ်ခဲ့တဲ့ သူ့ဘဝဇာတ်ကြောင်းကို လူတိုင်းသိလာခဲ့တယ်လေ။” ဟု Chatri ကဆိုသည်။ “နောက်တော့ သူ အောင်မြင်ကျော်ကြားမှုတွေနဲ့ နိုင်ငံကို ပြန်လာခဲ့တယ်။ ကျွန်တော်တို့ ကမ္ဘာ့ချန်ပီယံတွေလိုပေါ့။” ဟု ၎င်းက ပြောသည်။ “ပရိတ်သတ်တွေက

 ပြိုင်ပွဲကို အထိုးအနှက်၊ အသတ်အပုတ်တွေ၊ အနိုင်အရှုံးတွေကြောင့် ကြည့်ကြတာမဟုတ်ဘူးဆိုတာ နောက်ဆုံးမှာ ကျွန်တော်တို့ သိလာခဲ့ရတယ်။ လူတွေကြည့်ကြတဲ့အကြောင်းက သူတို့ လေးစားအားကျကြတဲ့ကစားသမားတွေက ကမ္ဘာ့အဆင့်ကိုယ်ခံပညာပြိုင်ပွဲတွေမှာ သူတို့နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်”ဟု ဆိုသည်။

ထို့ကြောင့် ONE Championship ပြိုင်ပွဲအမျိုးအစားသည် ကိုယ်ခံပညာများဖြစ်သော်လည်း ပြိုင်ပွဲအနှစ်သာရသည် လူသားဆန်မှုကို အခြေခံသည်ဟု Chatri က ၎င်း၏အဖွဲ့သားများကို ပြောပြလေ့ရှိသည်။ “ဘဝမှာ

 အကောင်းဆုံးနေ့ရက်တွေကို ရဖို့ ပထမတော့ အဆိုးဆုံးနေ့တွေကို ကျော်ဖြတ်ရမယ်။ ကျွန်တော် ဖခင်စွန့်ပစ်ခြင်းခံရပြီး ဆင်းရဲတွင်းနက်ခဲ့တဲ့ဘဝကနေ ရုန်းထွက်ခဲ့တယ်။ ကျွန်တော် မတိုက်ခိုက်မကျော်ဖြတ်နိုင်ခဲ့ရင် ဒီနေ့ ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး။” ဟု ၎င်း၏ဘဝအမှန်ကို ထုတ်ဖော်ပြောခဲ့သည်။ “ကျွန်တော် ONE Championship ရဲ့ အဆိုးဆုံးနေ့ရက်တွေကို မကျော်ဖြတ်ခဲ့ရင် ONE Championship ရဲ့ အကောင်းဆုံးနေ့ရက်တွေကို တွေ့မြင်နိုင်မှာ မဟုတ်ဘူ။” ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် ONE Championship အဖွဲ့အစည်းသည် အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိခဲ့ကာ၊ Chatri ကိုယ်တိုင်လည်း FOX Sports ၏ အာရှဒေသတွင်း အားကစားကဏ္ဍ၌ သြဇာအရှိဆုံးသူများစာရင်းတွင် တတိယမြောက် သြဇာအရှိဆုံးသူအဖြစ်ရပ်တည်နိုင်ခဲ့သည်။ မကြာသေးခင်က ကုမ္ပဏီ၏ Series D ပြိုင်ပွဲတွင် အမေရိကန််ဒေါ်လာ ၁၆၆ သန်းအထိ ဝင်ငွေရရှိခဲ့သည်။

■ ကျရှုံးမှုကို မည်သို့ ဖြတ်ကျော်မည်နည်း။ ရင်ဆိုင်လိုက်ပါ။

Chatri သည် ၎င်း၏ဖခင်ကို အာဃာတထားမည့်အစား အစောပိုင်းကာလတွင်ပင် ခွင့်လွှတ်ခဲ့သင့်ကြောင်းကို ဝန်ခံပြောကြားခဲ့သည်။ “ကျွန်တော်အဖေ ဒေဝါလီခံရပြီး မိသားစုကို စွန့်ပစ်သွားတာကို ကြည့်နေခဲ့ရတယ်။ ရေမျောကမ်းတင် ဖြစ်ချင်ရာဖြစ်နေတဲ့ မိသားစုလိုပဲ။” ဟု ၎င်းက တည်ငြိမ်စွာပြောသည်။ “ကျွန်တော်တို့ အာရှနိုင်ငံတွေမှာ အောင်မြင်မှုကို သိပ်အာရုံစိုက်ကြပြီး ကျရှုံးခြင်းရဲ့ တန်ဖိုးကို မျက်ကွယ်ပြုကြတယ်ဆိုတာ အမှန်ပါပဲ။ အာရှယဉ်ကျေးမှုမှာ ကျွန်တော် သဘောမကျတဲ့အချက်က ‘လူတိုင်းဟာ ပြီးပြည့်စုံရမယ်၊ လူတိုင်း မကျရှုံးရဘူး၊ ကျရှုံးခြင်းဟာ ကြောက်စရာကောင်းတယ်’ ဆိုတာပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “ကျရှုံးခြင်းဟာ

 လေ့လာသင်ယူဖို့၊ ကိုယ့်အရည်အချင်းတိုးတက်စေဖို့၊ ကိုယ့်ရဲ့ အကောင်းဆုံးသော ပုံစံကို ဖော်ထုတ်နိုင်ဖို့အတွက် သိပ်ကိုကောင်းမွန်တဲ့ အခွင့်အရေးဖြစ်တယ်။ ”Silicon

 Valley တွင် ကျရှုံးခဲ့ခြင်းသည် ငွေကြေးရင်းနှီးမြှုပ်နှံသူအသိုင်းအဝိုင်းတွင် ဆုတံဆိပ်တစ်ခု ရလိုက်သလိုပင် ဖြစ်သည်ဟု Chatri က ကျွန်တေ့ာ်ကို ပြောပြသည်။

“အာရှမှာရှိတဲ့ ဘယ်လိုစွန့်ဦးတီထွင်သူကိုမဆို မေးကြည့်ပြီး သူတို့ရဲ့ အောင်မြင်မှုဘဝဇာတ်ကြောင်းကို လေ့လာကြည့်ရင် သူတို့ အောင်မြင်မှုမရခင်အချိန်မှာ အကြိမ်ကြိမ်အခါခါ ကျရှုံးခဲ့တယ်ဆိုတာ ခင်ဗျားတွေ့ရလိမ့်မယ်” ဟု ဆိုသည်။

Chatri သည် Wall Street တွင်အလုပ်လုပ်နေစဉ်ကာလအတွင်း ငွေကြေးသည် မိမိလုပ်နေသော အလုပ်၏ ရလဒ်သာဖြစ်ကြောင်း နားလည်လာခဲ့သည်။ “တကယ်လို့

 ကိုယ်မကြိုက်တဲ့အလုပ်ကို လုပ်နေရမယ်ဆိုရင် ဘယ်လိုမျှ စိတ်ချမ်းသာမှာမဟုတ်လို့ ငွေရှာရတာဟာ ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကို ပျော်ရွှင်စေတဲ့ ကိုယ်သဘောကျတဲ့ အလုပ်ကိုလုပ်မယ်ဆိုရင် ကိုယ်ဟာ တက်ကြွနေမယ်၊ စိတ်အားထက်သန်နေလိမ့်မယ်။ ဒါဆိုရင်တော့ ငွေရှာရခြင်းက ကိုယ့်ကို အမှန်တကယ် ပျော်ရွှင်စေလိမ့်မယ်”။ “ကမ္ဘာကြီးမှာ

 စိတ်အားထက်သန်မှုတွေနဲ့ ရည်မှန်းချက်တွေနဲ့ သက်ဝင်နေတဲ့ စိတ်ခွန်အားအပြည့်ရှိတဲ့သူတွေ လိုအပ်ပါတယ်။ ဒါမှသာ ပိုကောင်းတဲ့ ကမ္ဘာကြီးတည်ဆောက်လို့ရမှာပါ။ စွန့်ဦးတီထွင်ခြင်းရဲ့ တကယ့်အနှစ်သာရကလည်း ဒီကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင် တည်ဆောက်ဖို့ပါပဲ”။ 

ONE Championship သည် ဤလောကကို ကောင်းသောအကျိုးသက်ရောက်မှုရှိစေမည်ဟူသော Chatri ၏ ပြင်းထန်သောယုံကြည်မှုကြောင့် ၎င်းလုပ်နေသောအလုပ်တွင် ပိုမိုစိတ်ဓါတ်တက်ကြွစေသည်။ Chatri

 သည် Wall Street သို့မဟုတ် Silicon Valley မှ နေ့ရက်များကို ပြန်တွေးမိလျှင် ယခုအခြေအနေသည် အိမ်မက်မက်နေသကဲ့သို့ ခံစားရကြောင်း ပြောပြခဲ့သည်။ မျိုးဆက်သစ်

  စွန့်ဦးတီထွင်သူများအတွက် Chatri ၏ အကြံပေးချက်မှာ ‘ကျရှုံးမှုကို ရင်ဆိုင်ပါ။ လဲကျပြီးရင် ရဲရင့်စွာ ပြန်ထပါ။ မိမိကို မယုံကြည်သူတွေ ငြင်းပယ်သူတွေ ရှိလာပါလိမ့်မယ်။ မိမိသွားမယ့်လမ်းကြောင်းမှာရှိလာမယ့် ဘယ်လို အခက်အခဲ၊ ပြဿနာမျိုးကိုမဆို ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ’ ဟူ၍ ဖြစ်သည်။ “သိပ်တော်တဲ့ စွန့်ဦးတီထွင်သူတွေက သူတို့နဲ့ အတူတူ ကြိုးစားတိုက်ပွဲဝင်မယ့် အတော်ဆုံးလူတွေကို ရရှိနိုင်စမြဲပါပဲ။” ဟု ၎င်းက ဆိုသည်။

“မင်းဘဝရဲ့ ဘယ်လိုအခြေအနေမှာမဆို မင်းလုပ်နေတဲ့အရာတွေအတွက် အလဟဿအချိန်ဖြုန်းနေရတယ်လို့ ဘယ်တော့မှမတွေးပါနဲ့။ မင်းတစ်စုံတစ်ခုကို စိတ်ရောကိုယ်ပါမြှုပ်နှံနိုင်ရင် အဲ့ဒီကနေ မင်းသင်ခန်းစာတွေ ရလိမ့်မယ်။ အဲ့ဒီသင်ခန်းစာတွေကပဲ နောင်ကျရင် မင်းဘဝအတွက် အသုံးချစရာတွေဖြစ်လာပြီး အောင်မြင်မှုရဖို့ အထောက်အကူ ဖြစ်လာလိမ့်မယ်”။ “ကျွန်တော်ပြောချင်တာက ONE Championship အတွက် အခုအခြေအနေက အစပဲရှိပါသေးတယ်။ ကျွန်တော်တို့ကို အခုချိန်ကစပြီး နောက် ၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်တိုင်အောင် စောင့်ကြည့်ပေးပါ။” ဟု ပြောကြားခဲ့သည်။

Photo & Ref: - Vulcanpost.com

Most Read

Most Recent