Brandon Vera ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာမှုကို အောင်လအန်ဆန်း စောင့်ကြည့်နေခဲ့

Brandon Vera ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာမှုကို အောင်လအန်ဆန်း စောင့်ကြည့်နေခဲ့
Photo: ONE Championship
Photo: ONE Championship
Published 24 November 2018

 

မနီလာမြို့တွင် Brandon “The Truth” Vera သည်  ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်လာမှုအပေါ် စိတ်ဝင်စားမှုများ အမြင့်ဆုံးသို့ရောက်ရှိနေခဲ့သည်။

The ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၂၃ရက်နေ့ သောကြာနေ့ညတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သည်။

Brandon Vera နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်ပွဲသည် လွန်ခဲ့သော ၂ နှစ်က ဖြစ်သည်။ ကာလရှည်ကြာစွာ ပြိုင်ပွဲများကို ရပ်နားခဲ့ပြီးနောက် ၎င်း၏ယှဉ်ပြိုင်မှုများကို နောက်ထပ်တွေ့မြင်ရမည် ဖြစ်သောကြောင့် ပရိသတ်များ၊ မိတ်ဆွေကစားသမားများ နှင့် သတင်းမီဒီယာများက ဝမ်းသာပျော်ရွှင်နေကြသည်။

Vera သည် အီတလီနိုင်ငံသား Mauro Cerilli နှင့် ယှဉ်ပြိုင်ကာ ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာမှုကို အနီးကပ် သတိထားစောင့်ကြည့်နေသော အားကစားသမားတစ်ယောက်ရှိသည်။ ထိုသူမှာ ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဖြစ်သည်။

အောင်လအန်ဆန်သည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာအဖွဲ့အစည်းတွင် နောက်ထပ် အောင််မြင်သောနှစ်တစ်နှစ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ၃၃နှစ်အရွယ် အောင်လအန််ဆန်သည် မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် ရှုံးပွဲမရှိသော Mohammad Karaki ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ ၎င်း၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

အောင်လအန်ဆန်၏ အောင်မြင်မှုသည် လတ်တလောတွင် ပွဲစဉ် ငါးပွဲဆက်တိုက် အနိုင်ရရှိခဲ့ကာ ကမ္ဘာ့အဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အကောင်းဆုံး အားကစားသမားကြီးများထဲမှ တစ်ဦးအပါအဝင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အောင်လအန်ဆန်သည် စိန်ခေါ်မှုအသစ်များကို အမြဲရှာဖွေနေသူဖြစ်ကာ ၎င်း၏ ယှဉ်ပြိုင်မှုစွမ်းရည်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားများနှင့် ရင်ဆိုင်ကာ ဆန်းစစ်ချင်နေသူဖြစ်သည်။



ထို့ကြောင့် သြဂုတ်လက ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သော ONE၏ သတင်းစာရှင်းလင်းပွဲတွင် Vera က မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ချင်သည် ဟု ပြောသောအခါ အောင်လက တွေဝေမှုကင်းစွာဖြင့် ဖိလစ်ပိုင်နိုင်ငံသား၏ စိန်ခေါ်မှုကို လက်ခံခဲ့သည်။

“ကျွန်တော် လာမယ့်ပြိုင်ပွဲပြီးတာနဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ချင်ပါတယ်။ ဒီဂျပန်မှာပဲ ပြိုင်ပွဲကို ကျင်းပချင်ပါတယ်။” ဟု Vera က ဆိုသည်။

ONE ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Chatri Sityodtong က ထွန်းတောက်လာသော ကြယ်ပွင့် ၂ ဦး ထိပ်တိုက်ရင်ဆိုင််မည့် အစီအစဉ်ကို ခွင့်ပြုခဲ့သည်။

“အောင်လအန််ဆန်ကသားရဲတစ်ကောင်ပါ။ အောင်လ ကျွန်တေတာ်ကို ဆက်သွယ်လာတယ်။ သူ ဂျပန်မှာ ယှဉ်ပြိုင်ချင်ပါတယ်တဲ့။ ဒါကြောင့့် ကျွန်တော်တို့ ပြိုင်ဘက်ရသွားတာပေါ့။ ကျွန်တော်တော့ သဘောကျတယ်” ဟုု Vera က ပြောသည်။

ပြိုင်ပွဲဝင်၂ ဦးလုံး၏ နို်င်ငံမဟုတ်သော အခြားနိုင်ငံတွင် ကျင်းပသောကြောင့် ပြိုင်ပွဲမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းသည်။ ပြိုင်ပွဲဝင် ၂ ဦးစလုံးသည် ၎င်းတို့၏ ဇာတိမြေဖြစ်သော မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံအသီးသီးတွင် နိုင်ငံ့ကြယ်ပွင့်များဖြစ်သည့်အလျှောက် ပွဲစဉ်အဆုံးအဖြတ်ပေးသူနှင့်

 ပြိုင်ပွဲလက်ခံကျင်းပမည့် နိုင်ငံသည် ၎င်းတို့၏ ကို်ယ်စားပြုနိုင်ငံများမှ ပြုလုပ်ပေးရန် သင့်တော်မည် မဟုတ်ချေ။

ဤပြိုင်ပွဲကြီးကျင်းပဖြစ်မည်ဆိုလျှင် ONE ၏ သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံးသော ပြိုင်ပွဲဖြစ်လာမည်ကို ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။



ကိုယ်ခံပညာသိုင်းပေါင်းစုံ ပညာရပ်တွင် အောင်နိုင်ခြင်းနှင့် ရှုံးနိမ့်ခြင်းကို အသေအချာတိုးတက်အောင် လေ့ကျင့်ပြင်ဆင်ခြင်းကသာ ဆုံးဖြတ််ပေးနိုင်သည်ကို မေ့လျော့ထားလို့ မရချေ။

Most Read

Most Recent