မန်ချက်စတာဒါဘီမှာ ခက်ခဲမည်ဟု အသင်းဖော်များကို မန်စီးတီးတိုက်စစ်မှူး ဂျေးဆူ သတိပေး

မန်ချက်စတာဒါဘီမှာ ခက်ခဲမည်ဟု အသင်းဖော်များကို မန်စီးတီးတိုက်စစ်မှူး ဂျေးဆူ သတိပေး
Photo: Getty Images
Photo: Getty Images
Published 9 November 2018

 

မန်စီးတီးအသင်းတိုက်စစ်မှူး ဂျေးဆူက မန်ချက်စတာဒါဘီပွဲစဉ်မှာ ၎င်းတို့အတွက် ခက်ခဲမည်ဖြစ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် နိုဝင်ဘာ (၁၁)ရက် တနင်္ဂနွေနေ့ (မြန်စံတော်ချိန် ည ၁၁းဝ၀ နာရီ)တွင် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်ယူအသင်းကို ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အဖြစ် အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီးတွင် ရမှတ် (၂၉)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး မန်ယူအသင်းမှာမူ ရမှတ် (၂၀)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေကာ   မန်စီးတီးအသင်းနှင့် (၉)မှတ်အထိ ကွာဟနေသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ် (၂)ပွဲတွင် ဘန်လေနှင့် ဆောက်သမ်တန်တို့ကို (၅-၀)၊ (၆-၁)ဂိုးများဖြင့် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့်ရာသီက မန်ယူအသင်းကို အိမ်ကွင်းတွင် (၂-၃)ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် လာမည့် မန်ချက်စတာဒါဘီတွင် သတိထားရန်လိုအပ်ကြောင်း ဂျေးဆူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂျေးဆူက "မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီကလိုပဲ အီတီဟတ်ကွင်းကို အနိုင်ကစားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ လာပါလိမ့်မယ်။ ဒါပေမဲ့ ပွဲအဖြေက ကျွန်တော်တို့အပေါ် အများကြီးမူတည်ပါတယ်။ ကျွန်တော်တို့အသင်းသာ အခုကစားနေတဲ့ ပုံစံအတိုင်းကစားနိုင်ဖို့ လိုတာပါ။ ကျွန်တော်တို့အသင်းရဲ့ အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် မန်ချက်စတာဒါဘီမှာ ကျွန်တော်တို့ အနိုင်ကစားနိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ်ရှိ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဂျေးဆူသည် ယခုရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်တွင် (၁)ဂိုးသာ သွင်းယူထားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ရှက်တာဒိုးနက်အား (၆-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent