■ စက်ရုံဖယ်ရီ ပြေးဆွဲသည့် YBS ယာဉ် ၁၀ စီးအား ရာသက်ပန် CNG ဝယ်ယူခွင့်ရပ်ဆိုင်း

■ စက်ရုံဖယ်ရီ ပြေးဆွဲသည့် YBS ယာဉ် ၁၀ စီးအား ရာသက်ပန် CNG ဝယ်ယူခွင့်ရပ်ဆိုင်း
Published 26 July 2026

စက်ရုံဖယ်ရီ ပြေးဆွဲသည့် YBS ယာဉ် ၁၀ စီးအား ရာသက်ပန် CNG ဝယ်ယူခွင့်ရပ်ဆိုင်းလိုက်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

YBS ခရီးသည်တင်ယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမပြုဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ YBS ခရီးသည်တင်ယာဉ်(၁၀)စီးသည် စက်ရုံတွင် ဖယ်ရီပြေးဆွဲနေကြာင်း စိစစ်တွေ့ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ယင်းကြောင့် အဆိုပါ YBS ယာဉ် ၁၀ စီးအား ဇူလိုင် ၂၅ ရက်မှစ၍ ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ် သိမ်းအရေးယူခဲ့ကြောင်း၊မော်တော်ယာဉ်(၁၀)စီး၏ နံပါတ်များအား CNG ဆိုင်များအားလုံးတွင် ကြေညာထားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်များ တွင် CNG ဝယ်ယူခွင့်စာအုပ်ပါရှိသည့် ယာဉ်များကိုသာ ဓာတ်ငွေ့ဖြည့်သွင်းရောင်းချပေးခြင်းနှင့်  မော် တော်ယာဉ်မှတ်ပုံတင်စာအုပ်(Owner Book)တွင် CNG သုံးယာဉ် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န)မှ CNG တံဆိပ်တုံးမှတ်ပုံတင်ပြီးမှသာ  CNG ယာဉ် နှစ်ပတ်လည် သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ 

CNG ယာဉ်များအနေဖြင့် အခြားယာဉ်များသို့ တရားမဝင် CNG ရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါကလည်း ကျူးလွန်သည့် ယာဉ်များအား ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေး လျက်ရှိကြောင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူ လူထုသက်သာချောင်ချိရေးအတွက် အမှန်တကယ်ဆောင်ရွက်မည့် လုပ်ငန်းရှင်များကိုသာ  CNG အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင် ပြေချောမွေ့စေရေးနှင့် ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရရှိစေရေးအတွက် YBS ခရီးသည်တင်ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အား  ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါဈေးနှုန်း သည်  နိုင်ငံတကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာရှနိုင်ငံများထဲ တွင် ဈေးနှုန်းအချိုသာဆုံး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent