မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဒါရိုက်တာအဖွဲ့ဝင်များအား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဒါရိုက်တာအဖွဲ့ဝင်များအား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု
Published 9 April 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့အား ခန့်အပ်ရန် ယနေ့(ဧပြီ ၉ ရက်)တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုသည့်ပုဂ္ဂိုလ်များ အမည်စာရင်းကို ဧပြီ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးမည့်သူမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။

ပြည်ထာင်စုလွှတ်တော်ကခန့်အပ်ရန် သဘောတူခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အဖွဲ့ဝင်များမှာ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဌများအဖြစ် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာစန္ဒာဦးနှင့် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ်  ဒေါက်တာရီရီအး၊ ဦးတင်မြင့်၊ ဒေါက်တာလှညွန့်၊ ဒေါက်တာဇော်ဦး၊ ဒေါက်တာဖြူဖြူအိတို့ဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန်လွှတ်တော်ကသဘောတူခဲ့သည့် ဒေါက်တာခင်နိုင်ဦးသည် လက်ရှိတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

Most Read

Most Recent