■ နီပေါနိုင်ငံတွင် ရက်ပ်အဆိုတော် ဘာလန်ဒရာ ရှားက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

■ နီပေါနိုင်ငံတွင် ရက်ပ်အဆိုတော် ဘာလန်ဒရာ ရှားက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို
Published 28 March 2026

နီပေါနိုင်ငံတွင် ရက်ပ်အဆိုတော်ဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ဘာလန်ဒရာ ရှားသည် မတ် ၂၇ ရက်က ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သူသည် နီပေါနိုင်ငံသမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က အဂတိလိုက်စားမှုဆန့်ကျင်ရေး လူသေဆုံးမှုများရှိခဲ့သည့် ဆန္ဒပြပွဲများကြောင့် အစိုးရပြုတ်ကျသွားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် ရှား၏ ပါတီသည် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ပြုပြင်ပြောင်းလဲရေးဝါဒီ ရှားနှင့် ၎င်း၏ Rastriya Swatantra Party (RSP) ပါတီသည် လူငယ်များ ဦးဆောင်သည့် နိုင်ငံရေးအပြောင်းအလဲကို အဓိကထား မဲဆွယ်စည်းရုံးခဲ့ပြီး မတ် ၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

"ကျွန်ုပ် ဘာလန်ဒရာ ရှားသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အမည်နာမကို တိုင်တည်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိပါမည်ဟု ကတိပြုပါသည်" ဟု ရှားက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်က နီပေါနိုင်ငံတွင် လူငယ်များဦးဆောင်သည့် အဂတိလိုက်စားမှုဆန့်ကျင်ရေး အုံကြွမှုအတွင်း အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့ရသည်။ 

အဆိုပါ အုံကြွမှုသည် နိုင်ငံအတွင်း လူမှုမီဒီယာများကို ယာယီပိတ်ပင်လိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် စီးပွားရေးကျပ်တည်းမှုအပေါ် မကျေနပ်ချက်များနှင့် အဂတိလိုက်စားမှုဆန့်ကျင်ရေးအုံကြွမှုအဖြစ် ပြောင်းလဲသွားခဲ့ကာ အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ခဲ့သည်။

Ref: AFP

Most Read

Most Recent