■ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေး တင်မြှောက်ခံရပြီး ယခင်ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်ရှိ

■ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေး တင်မြှောက်ခံရပြီး ယခင်ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်ရှိ
Published 21 February 2026

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌတာဝန်ယူခဲ့သူူ ဦးစောဟန်အေး တင်မြှောက်ခံရပြီး ယခင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌအသစ်ဖြစ်သူ ဦးစောဟန်အေးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဗဟိုဌာနချုပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ပါတီဗဟို CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌအသစ် ဦးစောဟန်အေးက ပြောကြားသည်။

“ပါတီဥက္ကဋ္ဌကတော့ ကျွန်တော့်အနေနဲ့ ဆက်လက်ဆောင်ရွက်ပါမယ်။ သူ (ဒေါ်သက်သက်ခိုင်) ကတော့ ဂုဏ်ထူးဆောင်နာယကအနေနဲ့ပဲ ဆောင်ရွက်မှာပါ။ ဒုဥက္ကဋ္ဌ (၂) က ဦးတင်မောင်ကြီးပါ။ ဒုဥက္ကဋ္ဌ (၄) ဒေါ်ငုဝါဝင်းပါ။ ပါတီဗဟိုရဲ့ CEC ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ ပြန်ပြီးအားဖြည့်တာပါ”ဟု ဦးစောဟန်အေးက ပြောကြားသည်။

ထို့ပြင် အဆိုပါအစည်းအဝေးတွင် CEC ကိုးဦး ထပ်မံအားဖြည့်ရွေးချယ်လိုက်သဖြင့် လက်ရှိတွင် CEC အယောက် ၂၀ ဖြင့် ပါတီတာဝန်များ ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပုံစာ: ပြည်သူ့ရှေ့ဆောင်ပါတီ လူစွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအမှုဆောင်ကော်မတီဝင်များက လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံနေစဉ်

 

Most Read

Most Recent