ဂျာမန်ဖလား၊ ကိုပါအီတာလီယာနဲ့ စပိန်ဘုရင့်ဖလား ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား၊ ကိုပါအီတာလီယာနဲ့ စပိန်ဘုရင့်ဖလား ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 11 February 2026

ဘိုင်ယန်မြူးနစ် - လိုက်ပ်ဇစ် (ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၂း၁၅ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်ကို ဒီရာသီမှာ ဘွန်ဒစ်လီဂါနှစ်ကျော့စလုံး (၆-၀၊ ၅-၁)ဂိုးတွေနဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်း ဘွန်ဒစ်လီဂါ အဆင့်(၄)နေရာမှာ ရပ်တည်နေပေမဲ့ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်မရှုံးဖို့ပဲ ကြိုးစားရဦးမှာပါ။ ဘိုင်ယန်မြူးနစ်ပဲ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ပါလိမ့်မယ်။

ဘိုလော့ဂ်နာ - လာဇီယို (ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၂း၃၀ နာရီ)

ဘိုလော့ဂ်နာက ပါးမားကို၊ လာဇီယိုက အေစီမီလန်ကို ကျော်ဖြတ်ပြီး ကိုပါအီတာလီယာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ကြတာပါ။ ဒါကြောင့် လာဇီယိုရဲ့ စွမ်းဆောင်မှုကို ပိုပြီးအသိအမှတ်ပြုရမှာဖြစ်သလို၊ လတ်တလောစီးရီးအေမှာလည်း လာဇီယိုက ပိုကောင်းတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ ဘိုလော့ဂ်နာကွင်းဖြစ်ပေမဲ့ လာဇီယိုကိုပဲ ရွေးချယ်ချင်ပါတယ်။

ဘီလ်ဘာအို - ဆိုစီဒက် (ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၂း၃၀ နာရီ)

ဒီနှစ်သင်းက စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားမှာပါ။ ဆုဖလားနဲ့ နီးကပ်လာပြီဖြစ်တာကြောင့် အားထည့်ကစားမှာသေချာနေပြီး လတ်တလောခြေစွမ်းမှာတော့ ဆိုစီဒက်က ပိုကောင်းနေပါတယ်။ လာလီဂါဆုံတွေ့မှုမှာလည်း ဆိုစီဒက်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပါတယ်။ ဆိုစီဒက်ကိုပဲ ပိုကြိုက်ပါတယ်။

Most Read

Most Recent