ဖေဖော်ဝါရီ ၁၆ ရက်ကို အစိုးရရုံးပိတ်ရက်များနှင့် တစ်ဆက်တစ်စပ်တည်းရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်(စနေနေ့)တွင် အစားထိုးပြန်လည်ရုံးတက်ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက် (စနေ၊ တနင်္ဂနွေ နေ့)သည် အစိုးရရုံးပိတ်ရက်များဖြစ်ပြီး အများပြည်သူအလုပ်ပိတ် ရက်ဖြစ်သည့် ၁၇ ရက် (တရုတ်နှစ်သစ်ကူးနေ့) ကြားရှိ ဖေဖော်ဝါရီ ၁၆ ရက်ကို တစ်ဆက်တစ်စပ်တည်းရုံးပိတ်ရက်အဖြစ် သတ်မှတ်၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့) ကို အစားထိုးရုံးတက်ရက် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။















