■ ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသားများအတွက် စိုးရိမ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

■ ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသားများအတွက် စိုးရိမ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား
Published 22 April 2026

ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသားများအတွက် စိုးရိမ်ကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပြီး နယ်စပ်တစ်ဖက်ခြမ်းရှိ တိုက်ပွဲများ ထိုင်းနိုင်ငံအတွင်းသို့ လုံးဝကူးစက်လာရမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် နယ်စပ်လုံခြုံရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ပုံမှန်အစည်းအဝေးတစ်ခုအတွင်း ညွှန်ကြားချက်အချို့ ထုတ်ပြန်ခဲ့ကြောင်း အနူတင်က ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြောကြားခဲ့သည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ စိုးရိမ်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်းနယ်နိမိတ်အတွင်းသို့ လမ်းလွဲပြီး ကျရောက်လာသော လက်နက်ကြီးကျည်များကြောင့် ထိခိုက်ခံစားရသည့် ထိုင်းဒေသခံများနှင့်ပတ်သက်၍ မေးမြန်းရာတွင် အနုတင်က အာဏာပိုင်များအနေဖြင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများနှင့် ပြည်သူလူထုလုံခြုံရေးအတွက် အစီအမံများ အပါအဝင် ရရှိနိုင်သော နည်းလမ်းအားလုံးဖြင့် တုံ့ပြန်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်များသည် မြန်မာပြည်တွင်းတိုက်ပွဲများ၏ အစိတ်အပိုင်းများသာဖြစ်ပြီး ထိုင်းနယ်မြေကို ရည်ရွယ်ချက်ရှိရှိ ကျူးကျော်ခြင်းမဟုတ်ကြောင်း မြန်မာအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

"ဒါကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ တိုက်ပွဲဖြစ်ရင် သူတို့ဘက်မှာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့နိုင်ငံ မထိခိုက်ရဘူး" ဟု အနူတင်က ပြောကြားခဲ့သည်။

ဧပြီလ ၂၀ ရက်က မြန်မာ့လေတပ်သည် ထိုင်းနယ်စပ်မှ မီတာ ၅၀၀ ခန့်အကွာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လေကြောင်းစစ်ဆင်​​​ရေးမှုများ ပြုလုပ်ခဲ့သည်။

ဗုံးတစ်လုံးသည် ထိုင်းနယ်စပ်တစ်ဖက်ခြမ်း သံလွင်မြစ်အနီးရှိ Ban Mae Waen ကျေးရွာအနီးသို့ ကျရောက်ခဲ့ရာ ထိုင်းဒေသခံများအကြား ထိတ်လန့်မှုဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Ref: Khaosod English

Most Read

Most Recent