ဘရိုက်တန် - ဘုန်းမောက် (ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ဘရိုက်တန်က ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ မန်စီးတီးကို သရေကစားခဲ့သလို၊ FA ဖလားမှာလည်း မန်ယူကို အနိုင်ယူခဲ့ပါတယ်။ ဘုန်းမောက်ကလည်း ရလဒ်ပိုင်းမှာသာ ကျဆင်းနေပေမဲ့ ခြေစွမ်းကောင်းတဲ့အသင်းဖြစ်ပြီး အထူးသဖြင့် တိုက်စစ်က အားရစရာကောင်းနေပါတယ်။ ဒါပေမဲ့ အဝေးကွင်းညံ့တာကြောင့် အပြန်အလှန်ဂိုးတွေနဲ့ ဘရိုက်တန် အနိုင်ယူပါလိမ့်မယ်။
လာဇီယို - ကိုမို (ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ကိုမိုက နိုင်ပွဲတွေဆက်နေရာက နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ လာဇီယိုကတော့ နောက်ဆုံး(၈)ပွဲမှာ တစ်ပွဲသာ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ လာဇီယိုက အိမ်ကွင်းစွမ်းဆောင်ရည် ကျဆင်းနေသလို၊ ကိုမိုက အဝေးကွင်းမှာ နိုင်ပွဲဆက်နေတာကြောင့် အမှတ်ခွဲယူရမယ့်ပွဲလို့ ထင်ပါတယ်။
အယ်လ်ချီ - ဆီဗီလာ (ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ဆီဗီလာက ရှုံးပွဲတွေဆက်နေတာကြောင့် တန်းဆင်းဇုန်ထဲကအသင်းနဲ့ တစ်မှတ်သာကွာပါတော့တယ်။ အယ်လ်ချီကလည်း (၃)ပွဲဆက်နိုင်ပွဲပျောက်ထားပေမဲ့ ဆီဗီလာထက်တော့ သာပါတယ်။ ဆီဗီလာကို အယ်လ်ချီမနိုင်တာကြာပြီဆိုပေမဲ့ ဒီပွဲမှာတော့ အိမ်ရှင်နဲ့ပဲ စွန့်စားကြည့်ချင်ပါတယ်။
အခြားပွဲ
* ခရီမိုနီဆီ - ဗီရိုနာ















