ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ စပိန်နည်းပြ အလွန်ဆိုကို ပထမဆုံးချဉ်းကပ်တဲ့အသင်းက ဖရန့်ဖတ်အသင်းဖြစ်ကြောင်း Bild က ဖော်ပြခဲ့ပါတယ်။
ဖရန့်ဖတ်အသင်းက နည်းပြ တော့ပ်မိုလာကို ရာထူးက ထုတ်ပယ်ပြီးနောက် ချက်ချင်းဆိုသလို အလွန်ဆိုကို ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖရန့်ဖတ်အသင်းက လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့်(၇)နေရာမှာ ရှိနေပေမဲ့ ပေးဂိုးအများဆုံးအဖြစ် ဟိုင်းဟိုင်အသင်းနဲ့အတူ ပူးတွဲရပ်တည်နေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရှိခဲ့တာကြောင့် နည်းပြ တော့ပ်မိုလာကို ထုတ်ပယ်ခဲ့တာပါ။
အလွန်ဆိုက လေဗာကူဆင်အသင်းကို ကိုင်တွယ်စဉ် ဘိုင်ယန်မြူးနစ်ကိုကျော်ဖြတ်ပြီး ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့် ဂျာမန်ကလပ်အသင်းများစွာက အလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေကြကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်မှာ လက်ရှိနည်းပြ သောမတ်စ်ဖရန့်ခ်ကို ရာထူးက ထုတ်ပယ်ဖို့ စဉ်းစားနေတဲ့ စပါးအသင်းက အလွန်ဆိုကို အစားထိုးခန့်အပ်ဖို့ ချိန်ရွယ်နေသလို၊ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေကလည်း လက်ရှိနည်းပြ အာနယ်ဆလော့ရဲ့နေရာမှာ အလွန်ဆိုကို အစားထိုးခန့်အပ်ဖို့ လိုလားနေကြောင်း သိရပါတယ်။















