အာဖရိကနိုင်ငံများဖလားရယူဖို့ အသင့်ဖြစ်နေပြီလို့ အိုဆင်မန် ကြုံးဝါး

အာဖရိကနိုင်ငံများဖလားရယူဖို့ အသင့်ဖြစ်နေပြီလို့ အိုဆင်မန် ကြုံးဝါး
Photo: X
Photo: X
Published 24 December 2025

နိုင်ဂျီးရီးယားအသင်းရဲ့ တိုက်စစ်မှူး အိုဆင်မန်က အာဖရိကနိုင်ငံများဖလားကို ရယူဖို့ အသင့်ဖြစ်နေပြီလို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ အာဖရိကနိုင်ငံများဖလားပွဲမှာ ချန်ပီယံဆု(၄)ကြိမ်ရရှိထားတဲ့ စတုတ္ထအအောင်မြင်ဆုံးအသင်းဖြစ်ပေမဲ့ ၂၀၁၃ နောက်ပိုင်းမှာ ချန်ပီယံဆုနဲ့ ဝေးကွာနေပါတယ်။

အိုဆင်မန် လက်ရွေးစင်ဖြစ်လာခဲ့ပြီးနောက် ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကနိုင်ငံများဖလားမှတ်တမ်းကတော့ ၂၀၁၉ မှာ တတိယ၊ ၂၀၂၁ မှာ (၁၆)သင်းအဆင့်၊ ၂၀၂၃ မှာ ဗိုလ်လုပွဲဖြစ်ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့အတွက် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဟာ အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း အိုဆင်မန်က ပြောကြားခဲ့ပါတယ်။

''အာဖရိကနိုင်ငံများဖလားဟာ ပရိသတ်တွေကို ဆုဖလားယူပေးဖို့အတွက် ကျွန်တော်တို့ရဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဆုဖလားရယူချင်တဲ့ ကျွန်တော်တို့ရဲ့အိပ်မက်ကိုလည်း အကောင်အထည်ဖော်သွားမှာပါ'' လို့ အိုဆင်မန်က ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားအုပ်စုအဆင့်မှာ တူနီးရှား၊ တန်ဇန်းနီးယား၊ ယူဂန္ဒာတို့နဲ့အတူ ကျရောက်ခဲ့ပြီး အုပ်စုအဖွင့်ပွဲမှာ တန်ဇန်းနီးယားကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Most Read

Most Recent