ရန်ကုန်-မန္တလေးလမ်းတွင် ရပ်နားထားသည့် ကုန်တင်ယာဉ်အား အိမ်စီးယာဉ်တစ်စီးက တိုက်မိသဖြင့် အိမ်စီးယာဉ်ပေါ်ပါ သုံးဦးစလုံး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးလမ်းမကြီး၊ ရန်ကုန်- နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် ၁၈၀/၂ နှင့် ၁၈၀/၃ ကြားတွင် ရပ်နားနေသည့် ကုန်တင်ယာဉ်အား လားရာတူဘက်မှ မောင်းနှင်လာသည့် Surf ယာဉ်သည် နောက်မှဝင်ရောက်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် surf ယာဉ်ပေါ်ရှိ အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး သေဆုံးသူများအား ဆွာမြို့မနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်တစ်စီး၊ MR မှ သူနာတင်ယာဉ်သုံးစီးတို့ဖြင့် ဆွာမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။















