■ လမ်းမတော်မြို့နယ် ကျောက်လမ်းပေါ်တွင် Light Truck ယာဉ်တစ်စီးမှ လမ်းသွားသူများကို တိုက်မိသဖြင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ

■ လမ်းမတော်မြို့နယ် ကျောက်လမ်းပေါ်တွင် Light Truck ယာဉ်တစ်စီးမှ လမ်းသွားသူများကို တိုက်မိသဖြင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ
Published 20 November 2025

လမ်းမတော်မြို့နယ်  ကျောက်လမ်းပေါ်တွင် Light Truck ယာဉ်တစ်စီးမှ လမ်းသွားသူများကို တိုက်မိသဖြင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀  ရက် မွန်းလွဲ ၂ နာရီ ၃၈ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကျောက်လမ်းပေါ်တွင် Light Truck ယာဉ် တစ်စီးအရှိန်လွန်ကာ လမ်းသွားလမ်းလာများအား တိုက်မိတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ပတ်ဝန်းကျင်ရှိပြည်သူများမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူအား အေးမေတ္တာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent