ပြင်သစ်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

ပြင်သစ်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်
Photo: EPA
Photo: EPA
Published 14 November 2025

ပြင်သစ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ယူကရိန်းအသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်အသင်းဟာ ယူကရိန်းကို ဘာပေ၊ အိုလီဆေး၊ အက်ကီတီကီတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဥရောပဇုန်မှာ အင်္ဂလန်ရဲ့နောက် ဒုတိယမြောက်ခြေစစ်ပွဲအောင်မြင်တဲ့အသင်း ဖြစ်လာခဲ့တာပါ။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၈)ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခွင့်ရတဲ့ အသင်းစာရင်းမှာတော့ (၂၉)သင်းမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၆)ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး ချန်ပီယံဆု (၂)ကြိမ်ရရှိထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၆ ဇွန်၊ ဇူလိုင်မှာ ကျင်းပမှာဖြစ်ပြီး မဲခွဲပွဲကို ဒီဇင်ဘာလမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Most Read

Most Recent