မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ နာမည်ကျော်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝ အကောင်းဆုံးစံချိန်ဖြစ်တဲ့ (၁၂)ပွဲဆက်တိုက် ဂိုးသွင်းတဲ့စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။
ဟာလန်းဟာ မန်စီးတီးက ဗီလာရီးယဲလ်ကို (၂-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့တာကြောင့် ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် (၁၂)ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန် ရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း(၂၂)ဂိုး သွင်းယူခဲ့တာပါ။
စီရော်နယ်လ်ဒိုကတော့ ၂၀၁၈ ခုနှစ်တုန်းက ရီးယဲလ်အသင်းမှာ ကစားစဉ် (၁၂)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲတစ်ပွဲသာ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ဘဲ ကျန်တဲ့(၁၄)ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
ရီးယဲလ်အသင်းရဲ့ တိုက်စစ်မှူး ဘာပေကလည်း လက်ရှိအချိန်မှာ (၁၁)ပွဲဆက်တိုက် ဂိုးသွင်းယူထားတာကြောင့် ဒီည ယှဉ်ပြိုင်ကစားမယ့် ဂျူဗင်တပ်စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ရန် စီရော်နယ်လ်ဒိုနဲ့ ဟာလန်းတို့ရဲ့ စံချိန်ကို လိုက်မီမှာဖြစ်ပါတယ်။















