ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသုံးဦး ခန့်အပ်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတစ်ဦးကို တာဝန်မှ အနားယူခွင့်ပြုကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက စက်တင်ဘာ ၁၇ ရက်တွင် အမိန့်များထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချိုတို့အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမိန့်အမှတ်( ၃၈ / ၂၀၂၅)ဖြင့် ထုတ်ပြန်သည်။
အလားတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးညိုထွန်း အား ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ်(၃၉ / ၂၀၂၅)အား ထုတ်ပြန်သည်။















