မြိတ်နှင့်ကော့သောင်းတွင်အကျဉ်းသား၊အကျဉ်းသူ(၅၈)ဦးလွတ်ငြိမ်းခွင့်ရ

မြိတ်နှင့်ကော့သောင်းတွင်အကျဉ်းသား၊အကျဉ်းသူ(၅၈)ဦးလွတ်ငြိမ်းခွင့်ရ
Published 17 April 2026

မြိတ်နှင့်ကော့သောင်းတွင်အကျဉ်းသား၊အကျဉ်းသူ(၅၈)ဦးလွတ်ငြိမ်းခွင့်ရခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၄၀/၂၀၂၆)အရ ၂၀၂၆ ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင်ကျရောက်သောမြန်မာနှစ်ဆန်း ၁ ရက်နေ့အထိမ်း အမှတ်ဖြင့်တည်ဆဲဥပဒေ များကိုကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတို့တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသားများ လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။

ယင်းသို့ ထိုက်သင့်သောပြစ်ဒဏ်များကိုကျခံပြီးဖြစ်သည့်စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော မြိတ်အကျဉ်းထောင်မှ အကျဉ်း သား(၁၃)ဦး၊ အကျဉ်သူ(၂)ဦး၊ ပေါင်း (၁၅)ဦး နှင့်ကျောက့်ဖြူတောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၅)ဦး၊ နတ်စင်ကုန်စခန်းမှအကျဉ်းသား (၃) ဦး၊ကော့သောင်းမြို့နယ်၊ ၉ မိုင်အကျဉ်းထောင်မှအကျဉ်းသား ၂၀ ဦး၊အကျဉ်းသူ ၅ ဦး တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ် မ- ၄၀၁ ပုဒ်မခွဲ(၁) အရ လွှတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

Most Read

Most Recent