လက်ဖြင့်ပုတ်၍ ဂိုးသွင်းသောကြောင့် နေမာ အနီကတ်ဖြင့် ထုတ်ပယ်ခံရ

လက်ဖြင့်ပုတ်၍ ဂိုးသွင်းသောကြောင့် နေမာ အနီကတ်ဖြင့် ထုတ်ပယ်ခံရ
Photo: X
Photo: X
Published 3 June 2025

ဘရာဇီးလ်စီးရီးအေကလပ်အသင်းတစ်သင်းဖြစ်သည့် ဆန်းတို့စ်အသင်းခေါင်းဆောင် နေမာသည် ပြည်တွင်းလိဂ်ပွဲစဉ်တွင် လက်ဖြင့်ပုတ်၍ ဂိုးသွင်းသောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရကြောင်း သိရှိရသည်။

ဘရာဇီးလ်စီးရီးအေ ပွဲစဉ် (၁၁) အဖြစ် ဇွန်လ (၁) ရက်က ယှဉ်ပြိုင်ကစားသည့် ဆန်းတို့စ် (၀-၁) ဘိုတာဖိုဂိုပွဲ၌ နေမာက ဂိုးရှေ့တွင် လက်ဖြင့်ပုတ်၍ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

ဂိုးမရှိသရေဖြစ်နေစဉ် ဒုတိယပိုင်း (၇၆) မိနစ်တွင် ဘယ်ခြမ်းမှ ဆန်းတို့စ်အသင်း၏ ဖြတ်တင်ဘောကို ဘိုတာဖိုဂိုဂိုးသမား ကာကွယ်ရာမှ ပြန်ထွက်လာရာ နေမာက လက်ဖြင့်ပုတ်၍ သွင်းယူခဲ့သောကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ယင်းသို့ ပြုလုပ်ခဲ့သည့်အတွက် နေမာ (၃၃ နှစ်) သည် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်ပြီး ၎င်းနှင့် ဆန်းတို့စ်အသင်း၏စာချုပ်မှာ ဇွန် (၃၀) ရက်အထိ (၆)လသာ ချုပ်ဆိုထားသဖြင့် ဘိုတာဖိုဂိုနှင့်ပွဲမှာ နောက်ဆုံးကစားရသည့်ပွဲ ဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent