■ လီဗာပူးလ်နောက်ခံလူ အာနိုးလ် ရီးယဲလ်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မည်

■ လီဗာပူးလ်နောက်ခံလူ အာနိုးလ် ရီးယဲလ်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မည်
Photo: Arnold X
Photo: Arnold X
Published 6 May 2025

လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည့် အလက်ဇန္ဒားအာနိုးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်သို့ရောက်ရှိရန် သေချာသလောက်ဖြစ်နေသည့် အာနိုးလ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြလျက်ရှိသည်။ 

ရီးယဲလ်အသင်းသည် အာနိုးလ်ကို ခေါ်ယူရန် ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက ကြိုးပမ်းနေခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ခေါ်ယူနိုင်တော့မည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းမှာ ဇွန်လအတွင်းကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရမည်မဟုတ်သောကြောင့် ရီးယဲလ်အနေဖြင့် ယင်းပြိုင်ပွဲအမီ အာနိုးလ်ကို ခေါ်ယူခွင့်ရရန် ကြိုးပမ်းမည်ဖြစ်သည်။

အာနိုးလ်သည် လီဗာပူးလ် စီနီယာအသင်းအတွက် ၂၀၁၆-၁၇ မှ ၂၀၂၄-၂၅ ရာသီအထိ ကိုးနှစ်အတွင်း ပြိုင်ပွဲစုံ ၃၅၂ ပွဲကစား၊ ၂၃ ဂိုးသွင်းယူပေးထား ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခွင့်ရထားသူဖြစ်သည်။ 

၎င်းသည် လီဗာပူးလ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတစ်ကြိမ်စီ ဆွတ်ခူးရရှိထားသည်။

Most Read

Most Recent