ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင်များ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နေပြည်တော်သို့ ထွက်ခွာသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က မတ် ၂၈ ရက်၊ နေ့လယ်ပိုင်းက ထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ Magnitude of 7.7 at a depth of 10.0 km
(6.2137 miles) ပြင်းအားရှိ ငလျင်သည် မတ် ၂၈ ရက်၊နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် လှုပ်ခတ်သွားခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















